လီဗာပူလ်းအသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား စီဘယ်လော့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။နွေရာသီအပြောင်းအရွှေ့ကာလမှာ စီဘယ်လော့ကို ခေါ်ယူရန် လီဗာပူလ်းအသင်းနည်းပြ ဂျာဂင်ကလော့ က မျှော်လင့်နေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ လီဗာပူလ်းအသင်းဟာ စီဘယ်လော့ကို လေးနှစ်စာချူပ် ချုပ်ဆိုပြီးခေါ်ယူဖို့နီးစပ်တဲ့ အနေအထားမှာရှိနေတာလဲဖြစ်ပါတယ်။စီဘယ်လော့ ကိုခေါ်ယူဖို့အတွက် လီဗာပူလ်းတစ်သင်းထဲစိတ်ဝင်စားနေတာမဟုတ်ပါဘူး။စပါး၊ အာဆင်နယ်၊ ရိုးမား၊ အင်တာမီလန် အသင်းတို့ဟာလည်း စောင့်ကြည့်နေခဲ့တာလည်းဖြစ်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းဟာ စီဘယ်လော့ကို ယခုနှစ်ရာသီမစခင် လူဝယ်ရာသီမှာ ခေါ်ယူထားတာလည်းဖြစ်ပါတယ်။ဘာစီလိုနာအသင်းကခေါ်ယူဖို့ မျက်စိကျနေချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းက လက်ဦးမှုရယူခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းမှာ မိုဒရစ်၊ အစ္စကို တို့ရဲ့နောက်မှသာ ပွဲထွက်ခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။စီဘယ်လော့ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ပွဲ ၂၀ ပါဝင်ကစားခွင့်ရရှိထားတာလည်းဖြစ်ပါတယ်။ 

စီဘယ်လော့ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပွဲ ၂၀ကစားထားခဲ့ရာမှာ နှစ်ဂိုးသွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းနဲ့ စပါးအသင်းနည်းတူ လီဗာပူလ်းအသင်းကလည်း အပြောင်းအရွှေ့ကာလမှာ စီဘယ်လော့ကို ခေါ်ယူရန် ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။ဘယ်အသင်းက လက်ဦးမှုရယူပြီး ခေါ်ယူနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမယ်ဗျာ

source - mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။