အကြင်နာမင်းသားချောလေး စွမ်းဇာနည် တစ်ယောက်ဟာဖြင့် မနေ့ညနေက မန္တလေးမြို့ ကနေ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ် ။

အိပ်ပြန်ရောက်ရင် အိပ်မယ် ဆိုပြီး Facebook ပေါ်မှာစာတင်ခဲ့တဲ့ မင်းသားချောလေး က အိပ်ရာကနိုးနိုးချင်း မျက်လှည့်ပြလိုက်သလို အပြင်းစား ပိုစ်တွေနဲ့ ပရိသတ်ကြီးကို မောနင်းဆိုပြီး သူ့Facebook Account ကနေ နှုတ်ဆက်လိုက်ပါတယ်။

မင်းသားလေးဟာ မန္တလေးမှာလည်း အမိုက်စားဓါတ်ပုံလေးတွေကို တင်ခဲ့လို့ အားပေးကြတဲ့ အမျိုးသမီးပရိတ်သတ်တွေ ပါးစပ်အဝိုင်းသားဖြစ်သွားခဲ့ပါသေးတယ်။မင်းသားလေးရဲ့ ပိုစ်တွေက နွေရာသီနဲ့အပြိုင် ပြင်းရှတဲ့ ရသတွေကို ပေးနေတာ တော့ ငြင်းလို့ရမယ်မထင်ပါဘူး။

ဇာတ်သဘင်လောက မှာသာမက သရုပ်ဆောင်နယ်ပယ်မှာပါ သူမတူထူးချွန်လှတဲ့ မင်းသားလေးစွမ်း ဟာ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို သူကျွမ်းကျင်တဲ့ နယ်ပယ်နှစ်ရပ်လုံးမှာအင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်တဲ့ ။ ပြည်သူ့အသည်းကျော်မင်းသားလေး အတွက် အားပေးစကားတွေ ပြောပေးကြပါဦးနော်။

Source - Swan Zarni

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။