ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်မိသားစုတွေထဲမှာ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးလည်း ပါဝင်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့နှစ်ဦးဟာ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြပြီး သူတို့နှစ်ဦးရဲ့ သမီးအမြွှာလေးတွေကလည်း ပရိသတ်အချစ်တော်လေးတွေ ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ သူတို့မိသားစုဓာတ်ပုံလေးတွေကို အသုံးပြုပြီး page အတုတစ်ခုထွက်ပေါ်လာတာနဲ့ ပတ်သတ်ပြီး လင်းလင်းကတော့ သူ့ရဲ့ လူမှုစာမျက်နှာထက်မှာ ယခုလိုရေးသားထားတာ တွေ့ရပါတယ်။

"နေပြည်တော်နားက တရားရင်ဆိုင်နေရတဲ့

အဘွားအိုကြီးကိုအလှူသွားလုပ်ပြီး

ကျနော် Facebook တင်ဖူးတယ်,,ဘာလို့လဲဆိုတော့

သိသွားရင်သွားပြီးထပ်လှူလို့ရအောင်လို့,,,

မန္တလေးမှာ စွန့်ပစ်ခံဘို့ဘွားရိပ်သာ တစ်ခုကို

သွားပြီး သိန်း၂၈၀ တန်အဆောက်အဦးတစ်ခုလှူတာကို

Facebook တင်ဖူးတယ်,, ဘာလို့လဲဆိုတော့

လူသိများသွားရင် သွားလှူလို့ရအောင်လို့,,

ကျနော့်မိန်းမချစ်သုဝေ စာတော်ပြီးငွေကြေးမပြည့်စုံတဲ့

ကလေးတွေကို ကျောင်းစရိတ်ထုတ်ပေးတယ်

တစ်ချို့ဆေးကျောင်းတောင်တက်နေပြီ,,

ဒါပေမယ့် Facebook မတင်ဘူး,,

ဘာလို့လဲဆိုတော့ မလိုအပ်လို့ ,,,

ကျနော်တို့လုပ်နေတဲ့ တစ်ပိုင်တစ်နိုင်တစ်ခြား

အလှူတွေအများကြီးရှိတယ် Facebook မတင်ဘူး,,

ဘာလို့လဲဆိုတော့ မလိုအပ်ဘူးထင်လို့,,,

အခုမွေးထားတဲ့ သမီးနှစ်ယောက်နာမည်နဲ့

ငါးနှစ်အောက်ကလေးတွေရဲ့ ကျန်းမာရေးနဲ့

ပတ်သတ်ပြီး ပရိုဂရမ်အကြီးကြီးလုပ်ပြီး

စီးပွားရေးလုံးဝ(လုံးဝ) မပါတဲ့ အလှူအကြီးကြီး လုပ်ဖို့ရှိတယ်,,,

အမေစု နဲ့တောင် ဖွင့်ပြောတိုင်ပင်ပြီးပြီ,,,

ပညာရှင်တွေနဲ့လဲ တိုင်ပင်စီစဉ်နေတယ်,,

ရုပ်သံတစ်ခုနဲ့လဲ ဆွေးနွေးပြင်ဆင်နေတယ်,,

ဒါပေမယ့် Facebook မတင်သေးဘူး,,

ဘာလို့လဲဆိုတော့ မလိုအပ်သေးဘူးထင်လို့,,

အဲဒီတော့ အောက်က စကင်ရှော့ ရိုက်ထားတဲ့ ပေ့ချ်က

အတုလားအစစ်လား စဉ်စားပေါ့လေ,,

ကျနော့်ရဲ့ ဒီပေ့ချ်က

ကံစမ်းမဲမပါဘူး, မဲလဲဖောက်မပေးဘူး

ဘာလို့လဲဆိုတော့ အခုဒီအကောင့်က

အစစ်မို့လို့ပါ,,

လိုရင်းကိုပြောရရင်

ဒီအောက်က ပေ့ချ်ကအတုကြီးပါ

ဖော်လိုဝါများလာရင် နာမည်ပြောင်းပြီး

စီးပွားရေးလုပ်ရင်လုပ် , ဒါမှမဟုတ် ကျုပ်တို့ကို မဟုတ်တာတွေလုပ်ပြီး သိက္ခာချမှာပေါ့,,

ဒီတော့ အဆင်ပြေမယ်ဆိုရင်

report လေးထုပေးပေါ့,,

Share တဲ့လူကလဲ နှစ်သောင်းတောင်ကျော်တယ်,,,

ဖီလင် - အားအားယားယား လက်ဖြန့်တောင်းတဲ့ စောက်ကျင့်တွေကို တွန်းလှန်ကြပါစို့,,

(ကျနော်တို့ လင်မယားနှစ်ယောက်က

အခုဒီအကောင့်နှစ်ခုဘဲ ရှိပါတယ် ,,,,,)" ဆိုပြီး ပရိသတ်တွေ အလိမ်မမိစေဖို့အတွက် ဖြေရှင်းရေးသားထားတာ တွေ့ရပါတယ်။

Source : Htwe Lynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။