သရုပ်ဆောင် မင်းသား နေမျိုးအောင်ကတော့ သဘာဝကျကျနဲ့ ဘဝသရုပ်ဖော်ဇာတ်ကားတွေရိုက်ကူးရင်း အနယ်နယ်ရပ်ရပ်က ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။

နေမျိုးအောင်ဟာ သရုပ်ဆောင်လောကမှာ ဝါရင့်နေပြီဖြစ်သလို သဘာဝမင်းသားကြီးလို့တောင် ပရိသတ်တွေရဲ့ တင်စားခံရသူဆိုလည်းမမှားပါဘူး။ နေမျိုးအောင် မိသားစုအပါအဝင် ၊ ရှုတင်အဖွဲ့သားလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ သင်္ကြန်တွင်းမှာ ကော့သောင်းကို ဖျော်ဖြေရေးခရီးဖိတ်ကြားခံခဲ့ရပြီး လက်တလောမှာတော့ ကော့သောင်းကနေ ပြန်လာနေပြီဖြစ်တယ်လို့ သိရပါတယ်။

ရောက်တုန်းရောက်ခိုက် နေမျိုးအောင် ဟာ မိသားစုနဲ့အတူ ကေ့ာသောင်းက အထင်ကရနေရာတွေလျှောက်လည်ကာ အပန်းဖြေခဲ့သလို ကမ်းခြေမှာ အပန်းဖြေနေတဲ့ပုံရိပ်တွေကို သူ့ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ မျှဝေထားပါတယ်။

ရှုတင်ရိုက်ကူးရာနေတိုင်းကို ဇနီးနဲ့ သားသမီးတွေကိုပါအတူတူခေါ်လေ့ရှိတဲ့ နေမျိုးအောင်ဟာ အလုပ်လည်းလုပ်ရင်း အားလပ်ချိန်မှာ မိသားစုကိုလည်း အပြည့်အဝအချိန်ပေးနေသူဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ ဇနီးနဲ့ သားလေးနှစ်ယောက်ရဲ့ ဖခင်နေမျိုးအောင်ကတော့ ရှုတင်တွေဆက်တိုက်ရိုက်နေရပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးထားရပါတယ်။

အနယ်နယ်ရပ်ရပ် က ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့အတူ ပရိသတ်တွေရင်ထဲက အကယ်ဒမီကို ရရှိထားသူမို့ နေမျိုးအောင်ရဲ့ သရုပ်ဆောင်အရည်အချင်းကတော့ အပြစ်ပြောစရာကိုမရှိတာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ နေမျိုးအောင်တို့မိသားစု ပုံလေးတွေကိုဖော်ပြလိုက်ပါတယ်နော်။

Source : Thandar Naymyo aung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။