ယခုတစ်ပတ်မှာတော့ ချစ်ရတဲ့ ပရိသတ်ကြီးအတွက် မကြာသေးခင်ကမှ အိမ်ထောင်ပြုထားကြတဲ့ အနုပညာဇနီးမောင်နှံအချို့ကို Myanmarload.com ကနေ ရွေးချယ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပထမစုံတွဲအနေနဲ့ ပရိသတ်အချစ်တော် အဆိုတော် ဆရာဝန်မလေး နန်းမြတ်ဖြိုးသင်း ခင်ပွန်းဖြစ်သူ မောင်တာတာမျိုးတို့ ဇနီးမောင်နှံဖြစ်ပါတယ်။ နန်းမြတ်ဟာ အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူဘဝကနေ နားလည်မှုတွေတည်ဆောက်ကာ အိမ်ထောင်တစ်ခုကို ဖန်တီးခဲ့ကြတာဖြစ်ပြီး လက်ရှိမှာတော့ သာယာတဲ့ဇနီးမောင်နှံဘဝလေးကို ပိုင်ဆိုင်လို့ထားပါတယ်။ 

ဒုတိယဇနီးမောင်နှံကတော့ မိန်းကလေးတိုင်းလိုချင်တဲ့ မင်္ဂလာပွဲကြီးကို အင်းလေးမှာ ကျင်းပခဲ့ကြတဲ့ မင်းသမီး မြတ်ရတနာကျော် နဲ့ အာဘွိုင်းတို့ ဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုအပြည့်ရရှိခဲ့ကြပြီး စီးပွားရေးအသိုင်းအဝိုင်းနဲ့ အနုပညာနယ်ပယ်က လူတော်တော်များများတက်ရောက် ချီးမြှင့်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ လက်ရှိမှာတော့ သာယာတဲ့အိမ်ထောင်ရေးလေးတစ်ခုကို ပိုင်ဆိုင်ထားပြီး မကြာခင် မိသားစုဘဝလေးကို ရရှိတော့မှာဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးစုံတွဲအနေနဲ့ မကြာခင်ကမှ လက်ထပ်ခဲ့တဲ့ အဆိုတော် စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့ ဇနီးမောင်နှံဖြစ်ပါတယ်။ ချစ်သူဘဝကနေ လက်ထပ်ဖြစ်ခဲ့ကြတဲ့ သူတို့ဇနီးမောင်နှံကတော့ ပရိသတ်တွေအားကျရတဲ့ စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။ အနုပညာမျိုးရိုးကဆင်းသက်လာတဲ့ စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီး သူမရဲ့ခင်ပွန်းကလည်း ခွင့်ပြုတယ်လို့ သိရပါတယ်။

ကဲ ပရိသတ်ကြီးအတွက် ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံတို့ရဲ့ ဓာတ်ပုံလေးတွေကို ကူးယူဖော်ပြလိုက်ပါတယ်နော်.....

Photo Source : Celebrities' Facebo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။