ယမင်းမေဦးလို့အမည်ရတဲ့ မိန်းမလှလေးတစ်ဦးကတော့ ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ အနုပညာရှင်မလေးတစ်ယောက်ဖြစ်မယ်လို့ထင်ပါတယ်။ ယမင်းမေဦးကတော့ လက်ရှိအချိန်မှာဆိုရင် ရုပ်ရှင်ကားတွေများစွာကို ပရိတ်သတ်တွေခံစားကြည့်ရှုနိုင်စေဖို့ ရိုက်ကူးပုံဖော်နေတဲ့ မင်းသမီးလေးတစ်လက်ပဲဖြစ်ပါတယ်။
သူမရဲ့ထူးခြားချက်လေးတစ်ခုကတော့ မြင်တွေ့ရလိုက်တာနဲ့ ဆွဲဆောင်မှုအပြည့်ရှိပြီး ချစ်ဖို့ကောင်းလှတဲ့ အပြုံးလေးတွေပါပဲ။ မြန်မာဝတ်စုံလေးတွေဝတ်ဆင်လိုက်တဲ့အချိန်မှာဆိုရင်လည်း မဟာဆန်တဲ့အလှလေးတွေနဲ့လှပလှသလို ခေတ်ဆန်တဲ့ အဝတ်အစားလေးတွေဝတ်ဆင်လိုက်တဲ့အခါမှာဆိုရင်လည်း ဆွဲဆောင်မှုရှိလှတဲ့ မျက်ဝန်းလေးတွေ အပြုံးလေးတွေက ထင်ပေါ်လှပြီး လှရက်နိုင်သူလေးတစ်ဦးပဲဖြစ်ပါတယ်။
ယမင်းမေဦးဟာ လက်ရှိမှာတော့ အောင်လေးနဲ့အတူ ပိုးကောင်လေးများ ဆိုတဲ့ဇတ်ကားလေးတစ်ကားကိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။ထိုကားလေးထဲမှာတော့ သူမဟာ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး မြန်မာဆန်တဲ့သူမရဲ့ ပုံရိပ်လေးတွေက ချစ်စရာကောင်းလှပါတယ်။ပရိတ်သတ်ကြီးမြင်တွေ့ခံစားနိုင်စေဖို့အတွက်လည်း ပိုးကောင်လေးများ ရိုက်ကွင်းပေါ်က ပုံရိပ်တွေအပြင် သူမရဲ့ချစ်စရာကောင်းလှတဲ့ ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။
Source; Yamin May Oo
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။