သရုပ်ဆောင် မင်းသား ပိုင်ဇေရဲထွန်းကတော့ ချစ်စရာကောင်းတဲ့ သားသမီး(၃)ယောက်နဲ့ ဇနီးချောလေးပိုင်ဆိုင်ထားတာမို့ သူ့ရဲ့မိသားစုလေးကို စိတ်ဝင်တစားစောင့်ကြည့်ကြတဲ့သူတွေက ခပ်များများပါပဲ။

အနုပညာရှင်တစ်ယောက်ဖြစ်တာမို့ သူ့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့ မိသားစုလေးကို ချစ်ကြခင်ကြသူ များသလို အကြောင်းမသိပဲ အပေါ်ယံဆုံးဖြတ်ပြီး ဝေဖန်နေတဲ့ မနာလိုသူအချို့ဆိုတာလည်းရှိစမြဲပါပဲ။

ပိုင်ဇေရဲထွန်း ဇနီးချောလေး ဇင်သဲနိုင်ကတေ့ာ သားသမီး(၃)ယောက်ရှိပေမယ့် နုပျိုလှပပြီး အပျိုလေးတွေရှုံးလောက်အောင်လှနေတာဟာ အိမ်မှုကိစ္စ ကလေးဝေယျာဝေစ္စတွေ ကိုယ်တိုင်မလုပ်ပဲ နေတာကြောင့် ဖြစ်တယ်လို့ ဝေဖန်မှုတွေရှိနေတဲ့အပေါ် သူမက အခုလို လူမှုကွန်ရက်မှ တစ်ဆင့် ပြန်ဖြေရှင်းခဲ့ပါတယ်။

""ကိုယ့်အကြောင်းကိုယ်သာအသိဆုံး"တဲ့

အဲ့စကားတောင်ပြောင်းရမလိုလို

ကိုယ့်ကိုယ်တိုင်တောင်မသိတဲ့အကြောင်းအရာတွေ အဆန်းတွေနော် ဘာတဲ့မျက်နှာခွဲစိတ်တာငါးကြိမ်တောင်ရှိပြီဆိုတာကတစ်မျိုး မေးမေ့ကိုချွန်အောင်ထည့်ထားတယ်ဆိုတာကတစ်ဖုံ ကလေးတွေမွေး မတရားတွေဝဖီး မေး၂ထပ်ဘဝတုန်းကတော့အဲ့မေးစေ့ကခဏတော့မချွန်ဘူးရယ်

နောက်ဘာတဲ့ကလေးလည်းမထိန်းရ အိမ်မှုကိစ္စလည်းမလုပ်ရတော့ ကျော့နေအောင်နေနိုင်တာပေါ့ဆိုပဲ

အော်အော်ရီချင်တာ ကိုယ့်အိမ်မှာတောက်တိုမယ်ရလည်းကိုယ် အိမ်ရှင်မလည်းကိုယ် မေမေချက်မှကောင်းတယ်ဆိုတဲ့ကလေးတွေရယ် ကျွဲကောသီး သရက်သီးတောင်မိန်းမခွာမှစားမယ်ဆိုတဲ့ယောင်္ကျားရယ် ထစ်ခနဲရှိမေမေရေ မေမေကြီးရေ မိန်းမရေ သဲရေ အမလေးခေါ်နည်းမျိုးစုံခိုင်းနည်းမျိုးစုံနဲ့အရစ်တုံးတွေကြားထဲနေနေရတာမြင်ကြည့်စေချင်တယ်။

(ထမင်းဟင်းချက်ရင်းအဝတ်လျှော်ရတာတွေ စာရင်းတွက်ရင်းထမင်းစားရတာတွေ တပြိုင်ထဲလုပ်ရတဲ့စကေးတွေကရှိသေးတယ်) ဒါတောင်အခုလက်ရှိအိမ်အကူမမြဲတဲ့ခေတ်ထဲကိုယ့်ဆီလူမြဲနေလို့ဒီလောက်သက်သာတာ အိမ်အကူမရှိပဲကလေး၃ယောက်နဲ့နှစ်ပေါက်အောင်လည်းကိုယ့်အလုပ်ကိုယ်လုပ်ပြီးပေတေနေဖူးတယ် တစ်ခုတော့ရှိတာပေါ့လေ ကလေးတွေကကြီးလာကြတော့ကိုယ့်အတွက်တော့အချိန်ပိုထွက်လာတာတော့အမှန်ပဲကလေးငယ်နဲ့တုန်းကတော့ဘာဆိုဘာမှကိုစိတ်မဝင်စားနိုင်ခဲ့တာကိုယ့်ကိုယ်ကိုချစ်ဖို့တောင်မေ့နေတဲ့ဘဝ

လူတိုင်းလူတိုင်းကကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်အကြောင်းနဲ့ကိုယ်ပါ ကိုယ်သေချာမသိတဲ့ သူများကိုဝေဖန်နေတာများကာယကံရှင်တောင်ဇဝေဇဝါဖြစ်သွားတယ်" လို့ ရေးသားတုန့်ပြန်ထားပါတယ်။

ပိုင်ဇေရဲထွန်း တို့မိသားစုလေးဟာ ချစ်စရာကောင်းပြီး သားသမီးလေးတွေကလည်း မိဘတွေလိုအချောလေးတွေမို့ ပရိသတ်တွေကတော့ အချစ်ပိုနေရပါတယ်။ 

ဝေဖန်တဲ့သူတွေလည်း လူတစ်ယောက်အကြောင်း သေချာမသိပဲ ကိုယ့်စကားလုံးတစ်လုံးကြောင့် သူတစ်ပါး မထိခိုက်အောင် အပြောအဆို ဆင်ခြင်သင့်ပါတယ်နော်။  

Source : Zin Thae Naing fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။