လူငယ်ခြေတက် ဒါရိုက်တာမလေး ခရစ်စတီးနားခီတစ်ယောက် ကတော့ သူမရဲ့ တချို့သောအကြောင်းအရာတွေကို လူတွေသိပ်သိစေချင်ပုံမရပါဘူး။ခရစ်တီးနာခီဟာ ယမန်နေ့က မြန်မာ့အသိညဏ်ပစ္စည်းအဖွဲ့အစည်းနေ့ မှာဆုယူဖို့မသွားရောက်ခင်ပုံတွေကို Caption မရေးဘဲ တင်ထားခဲ့တာပါ။ WIPO DAY (Myanmar )2018 အခမ်းအနားကို ယမန်နေ့၊ နေ့လည်၁နာရီက အထက်ပန်းဆိုးတန်းလမ်း၊ Rose Garden Hotelမှာပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားမှာ Central Base Productions လည်းပါဝင်တက်ရောက်ခဲ့ပါတယ်။

ဒါရိုက်တာခရစ်စတီးနားခီ အား World Intellectual Property Organization က women in Innovation and Creativity ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ဒီဆုဟာ လူတစ်ဦး တစ်ယောက်ကိုပေးခြင်းထက် စွမ်းဆောင်နိုင်ရည်ကိုသာပေးအပ်တဲ့ ဆုဖြစ်တဲ့အတွက် အင်မတန် တာဝန်ကြီးပါတယ်လို့ ခင်ပွန်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်ဇန်ခီကမီဒီယာအချို့နဲ့ အငတာဗျူးစဉ်မှာဖြေကြားခဲ့ပါတယ်။

နှိမ့်ချခြင်းကို နှစ်သက်တဲ့ ခရစ်တီးနား တစ်ယောက်ကတော့ သူမဆုရရှိတာနဲ့ ပတ်သက်ပြီး ထောင်လွှားချင်ဟန်မတူပါဘူး ။ တင်ထားသမျှ ပုံတွေထဲမှာ ရိပ်ဖမ်းသံဖမ်း အခမ်းအနားနောက်ခံနဲ့ဓါတ်ပုံတစ်ခုကိုသာတင်ထားခြင်းက သူမဒီပွဲတက်ရောက်ကြောင်းသဲလွန်စေပေးနေသလိုလိုပါ။women in Innovation and Creativity ဆုကို ထိုက်ထိုက်တန်တန် လက်ခံရရှိခဲ့ခြင်းအတွက် ဒါရိုက်တာ ခရစ်စတီးနားခီအား Myanmarload Media ဝိုင်းတော်သားအားလုံးမှ လှိုက်လှဲစွာကြိုဆိုဂုဏ်ပြုကြောင်းဖော်ပြအပ်ပါတယ်။ ပရိသတ်ကြီးလည်း ခရစ်စတီးနားခီရဲ့အကောင့်မှာ ဂုဏ်ပြုစကားလေးတွေသွားပြောပေးကြပါဦးနော်။

Source - Christina Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။