ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်မိသားစုတွေထဲမှာ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ မိသားစုလေးလည်း ပါဝင်ပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့နှစ်ဦးဟာ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြပြီး သူတို့နှစ်ဦးရဲ့ သမီးအမြွှာလေးတွေကလည်း ပရိသတ်အချစ်တော်လေးတွေ ဖြစ်ကြပါတယ်။ လက်ရှိမှာတော့ မင်းသမီးချစ်သုဝေရဲ့ Facebook အကောင့် အပိတ်ခံလိုက်ရတယ်လို့ အဆိုတော် လင်းလင်းရဲ့ လူမှုစာမျက်နှာကတဆင့် သိရပါတယ်။ 

ချစ်သုဝေဟာ ပရိသတ်အများစုရဲ့ ချစ်ခြင်းကိုခံရတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့အကောင့်မှာလည်း Follower ၁၂ သိန်းကျော်ရရှိထားသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမအကောင့်အပိတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပန်သတ်လို့ သူမရဲ့ခင်ပွန်းဖြစ်သူ အဆိုတော်လင်းလင်းရဲ့ လူမှုစာမျက်နှာထက်မှာတော့ ယခုလိုရေးသား ပြောဆိုထားတာ တွေ့ရပါတယ်။

"ကဲ FB နဲ့ ဇူကာဘတ်ရေ

မင်းတို့ကို ဖင်ချနေတဲ့ထဲမှာ

ငါတို့လင်မယားမပါဘူးဟ,,

FB centre မှာမြန်မာတွေရှိတယ်ဆိုလဲ

ဒီပို့စ်လေးပြလိုက်ပါဦး,,

Flowers ၁၂ သိန်းကျော်ရှိတဲ့ ကျုပ်မိန်းမအကောင့်ကို

ပြစ်မှုလုပ်လို့ ပိတ်လိုက်တယ်တဲ့,,,

အဲဒီတော့ တိုတိုတုတ်တုတ်ပြောရရင်

ဘောဘဲ ,, လီးဘဲဲ

Fuck ဘဲလို့,,,

အဆက်အသွယ်ရှိတဲ့လူတွေရှိရင်လဲပြလိုက်ပါဦး

ဒီအကောင့်ပါ ပိတ်လိုက်ရပါတယ်" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

Source : Htwe Lynn Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။