သီချင်းအေးအေးလေးတွေဆိုရင်း အေးအေးဆေးဆေးနေတတ်တဲ့ မီမီဝင်းဖေတစ်ယောက် သူမရဲ့ သီချင်းအေးအေးလေးတွေက အခုအချိန်ထိ ပရိတ်သတ်တွေလက်ခံအားပေးနေကြတဲ့အတွက် ပြန်ဆိုတေးလောကမှာ နေရာယူနေဆဲပါ။ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းလက်မနှေးတဲ့ မီမီဝင်းဖေတစ်ယောက် ကလေးဆေးရုံကြီးမှာလိုအပ်နေတဲ့သူတွေအတွက် အလှူတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ဒီအလှူကို မရည်ရွယ်ဘဲလုပ်ခဲ့တယ်လို့ မီမီဝင်းဖေကသူမရဲ့facebook စာမျက်နှာပေါ်ကနေပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။

မီမီဝင်းဖေရဲ့ အလှူမှာ ပါဝင်အားဖြည့်ပေးတဲ့သူတွေကတော့ ကိုကြီးနှင့်ပရဟိတမောင်နှမများအဖွဲ့ဖြစ်ပါတယ် ။ ဒီအလှူအတွက်ခံစားရတဲ့ပီတိလေးကြောင့်ကိုကြီးနှင့်ပရဟိတမောင်နှမများအဖွဲ့ကို ကျေးဇူးတင်ပါတယ်လို့လည်းပြောထားပါသေးတယ်။ဒါ့အပြင် သူမက လိုအပ်နေတဲ့ နေရာတွေများစွာထဲက မကျန်းမာတဲ့ ကလေးတွေ အတွက်ပြုခဲ့တဲ့ကုသိုလ်ကိုခွန်နှစ်ရက်သားသမီးတို့အားမျှဝေပေးပါတယ်။အေးချမ်းကြပါစေ ဆိုပြီးရေးသားထားပါတယ်။

မီမီဝင်းဖေရဲ့ ဆန်ပြုတ်လှူတာနဲ့တင်ကျေနပ်ဟန်မတူပါဘူး ။ကလေးဆေးရုံကြီးက ကလေးတွေအတွက်လည်း ပူဖေါင်းအရုပ်ကလေးတွေကို ဝေပေးခဲ့ပါသေးတယ်။ ပရိသတ်ကြီးလည်း အလှူအတန်းအတွက် အမှန်တကယ်လိုအပ်နေတဲ့နေရာတွေမှာမီမီဝင်းဖေလိုမရည်ရွယ်ဘဲ လှူချင်စိတ်ပေါက်ရင် လှူသာလှူကြပါဗျို့။ကဲအခုတော့ မီမီဝင်းဖေ ရဲ့အလှူကို သာဓုခေါ်ရင်းမျှဝေပေးကြပါဦးနော်။

Source - Mie Mie Win Pe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။