သဘာဝကပေးထားတဲ့ သီးနှံတိုင်းမှာ ကျန်းမာရေးအတွက် အထောက်ကူဖြစ်စေတဲ့ ဓာတ်တွေမျာစွာပါဝင် လို့နေပါတယ်။ ကြက်မောက်သီးဟာ ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပြီး သကြားဓာတ်၊ ဖရက်တို့စ် ၊ဆူးခရို့စ် များစွာပါဝင်လို့ ကယ်လိုရီပါဝင်မှုလည်း လွန်စွာနည်းပါးပါတယ်။ ကြက်မောက်သီးတစ်လုံးမှာ ကယ်လိုရီ ပါဝင်မှု့ ၆၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ဗီတာမင်စီ ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ဘီတာကယ်ရိုတင်း၊ ဗီတာမင်အေ၊ ကယ်လ်စီယမ်၊ နဲ့ အမျှင်ဓာတ်တွေ ပွားများစွာပါဝင်လို့နေပါတယ်။

ဖလေဗိုးနွိုက်ပါဝင်မှုကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး ကင်ဆာဆန့် ကျင်ဂုဏ်သတ္တိတွေနဲ့ ရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။လူတစ်ယောက်မှာတစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်စီ နှစ်ဆလောက်ပါဝင်နေပါတယ်။ သံဓတ်ကိုလည်း စုပ်ယူနိုင်မှုအားကောင်းစေပါတယ်။ ကြက်မောက်သီးကတော့ သံဓာတ်ကောင်းကောင်းရရှိနိုင်တာပဲဖြစ်ပါတယ်။ 

သွေးအားနည်းခြင်း၊ မှုးဝေခြင်း၊ နုံ့ချည့်ပင်ပန်းနေခြင်း၊မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။ ပြီးတော့ ကျောက်ကပ်မှာ ရှိတဲ့အညစ်အကြေး နှင့် စွန့်ပစ်ပစ္စည်းများကို စွန့်ထုတ်ပေးပြီး ကောင်းမွန်အောင် ထိန်းသိမ်းပေးပါတယ်။အရိုးနဲ့ သွားတွေကို ခိုင်ခံ့စေတယ်။ကြက်မောက်သီးကို စားပေးရင် အူလမ်းကြောင်းမှာ ရှိတဲ့ ကပ်ပါးကောင်တွေ သေစေတာကြောင့် ဝမ်းလျော့ခြင်းကို ကာကွယ်ပေးပါတယ်။ အားလုံးကျန်းမာရွင်လန်းကြပါစေ။ 

Source : ကြယ်စင် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။