မျှစ်ကတော့ရွေမြန်မာအတွက် ဟင်းတစ်ခွက်မဖြစ် စားသုံးရတဲ့အထဲ ပါဝင်လို့နေပါတယ်။ မျှစ်ကို မိုးရာသီမှာ အများဆုံးစားရတတ်ပြီး မျှစ်ချဉ်ကိုတော့ အသင့်စားသုံးနိုင်တဲ့အနေထား နဲ့လွယ်ကူစွာရရှိနိုင်ပါတယ်။ ။မျှစ်ကို နည်းမျိုးစုံဖြင့်ချက် စားလည့်ရှိကြပါတယ်။ ဒါပေမဲ့ မျှစ်ကို ကြာရှည်ခံကြောင်လုပ်ထားတာ၊ ဆေးဆိုးထားတာတွေကို မစားဖို့ တော့ အရေးကြီးပါတယ်။မျှစ်ကို စားပေးရင် ဘယ်လိုအကျိုးကျေးဇူး တွေရရှိမယ်ဆိုတာကို ဖော်ပြပေးလိုက် ပါတယ်နော်။အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ 

ဝမ်းပျက်ဝမ်းလျောတာကိုလည်း ကာကွယ်ပေးပါတယ်။ဖီနောလစ်အက်စစ် ပါဝင်ခြင်းကြောင့် ရောင်းရမ်းမှု ကိုလျော့ကျစေပါတယ်။နာတာရှည်နှင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။ မျှစ်မှာပါဝင်တဲ့ ပိုတက်စီယမ်ဟာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ကင်ဆာမဖြစ်အောင် တားဆီနိုင်တဲ့ ဖိုင်ကို ကမ်မီကယ်များစွာပါဝင်နေပါတယ်။ပိုတက်စီယမ်ပါဝင်မှုကြောင့် သွေးဖိအားကို ထိန်းပေးပြီး သွေးတိုးကို ကျစေပါတယ်။

မကောင်းတဲ့ အဆီတွေကိုကျစေပြီး ကိုလက်စတရော အဆီကို လျော့ကျစေပါတယ်။အဝလွန်သူတွေ စားသင့်ပါတယ်။မျှစ်ရည်ဟာ အူလမ်းကြောင့်မှာရှိတဲ့ သန်ကောင်တွေကို လျော့ကျစေပါတယ်။ဝမ်းချုပ်ခြင်း ကိုလည်းကာကွယ်ပေးပါတယ်။အမျိုးသမီးတွေအတွက် ရာသီမှန်စေဖို့ စားပေးသင့်ပါတယ်နော်။ အားလုံး ကျန်းမာကြပါစေ။

Source : မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။