Buzzfeed ဆိုတာ ကမ္ဘာတစ်ဝှမ်းက ပရိသတ်သန်းပေါင်းများစွာအတွက် ဖျော်ဖြေရေးနဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတဲ့ ဒီဂျစ်တယ်မီဒီယာတစ်ခုပါ ။ Buzzfeed မီဒီယာ က တောင်အာရှရဲ့ ဆွဲဆောာင်မှုရှိတဲ့ အမျိုသား(၂၃)ယောက်စာရင်းကိုမကြာသေးခင်က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီအမျိုးသား(၂၃)ယောက်ဟာ နယ်ပယ်အစုံက အမျိုးသားတွေဖြစ်ကြပြီး သက်ဆိုင်ရာနယ်ပယ်တွေမှာ အောင်မြင်နေရုံသာမက ဆွဲဆောင်မှုရှိတဲ့သူတွေအဖြစ်လည်း ကျော်ကြားပါတယ်။ ဒီစာရင်းမှာ မြန်မာနိုင်ငံက သရုပ်ဆောင်မော်ဒယ် ပိုင်တံခွန်ဟာ နံပါတ်ရှစ်နေရာကနေပါဝင်လာခဲ့တာဘဲဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုပိုင်တံခွန် က သူရဲ့ကိုယ်ပိုင် Facebookစာမျက်နှာပေါ်ကနေ ပရိသတ်တွေဆီကိုမျှဝေပေးခဲ့ပါတယ်။ပိုင်တံခွန် က မူရင်းဖော်ပြခဲ့တဲ့ BuzzFeed Media ရဲ့ Websiteလိပ်စာနဲ့အတူဘာဖြစ်ဖြစ် ကျနော်ဝမ်းသာမိတယ် ဒီလို page မှာ ဖော်ပြခံရတာ လို့ မျှဝေထားတာကိုတွေ့ရပါတယ် ။ Buzzfeed Media ကတော့ The alluring aesthetics of Paing Takhon ဆိုပြီးရေးသားထားပါတယ်။ ဆိုလိုတာက ချစ်ဖို့ကောင်းတဲ့ အနုပညာနယ်ပယ်က ပိုင်တံခွန်ပေါ့နော်။

Buzzfeed က ပိုင်တံခွန်ရဲ့ပုံတွေကို Instagram ကနေ ယူပြီးအသုံးပြုခဲ့တယ်လိုသတင်းအရင်းအမြစ်အနေနဲ့ဖော်ပြထားပါတယ်။ဒီအမျိုးသား(၂၃)ယောက်မှာနံပါတ်တစ်နေရာကရပ်တည်နေတာကတော့ လက်ပွါးမင်းသားလို့လူသိများတဲ့ ဘောလိဝုဒ် မင်းသား ရေသစ်ခ်ရိုရှန်(Hrithik Roshan)ဖြစ်ပါတယ်။ဒါ့အပြင် ထင်ရှားတဲ့ ဘောလိဝုဒ်မင်းသားတွေဖြစ်တဲ့Vidyut Jamwa (Commando)၊Arjun Rampal(Ohm Shanti Ohm)၊ Ranveer Sing( Padamavat) အစရှိတဲ့မင်းသားတွေလည်းဒီစာရင်းမှာပါဝင်ခဲ့ပါတယ်။ အခုလို BuzzFeed ရဲ့ BuzzFeed ဆွဲဆောင်မှုရှိတဲ့အမျိုးသား(၂၃)ယောက်စာရင်းမှာ ပိုင်တံခွန်အားဖော်ပြခံရခြင်းအတွက် Myanmarload အဖွဲ့တော်သားများမှ ဂုဏ်ယူဝမ်းမြောက်ပါကြာင်းဖော်ပြအပ်ပါတယ်။

Source – Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။