မနေ့ကတော့တင်ဟမ်အသင်းက ၀က်ဖိုဒ့်အသင်းကိုအနိုင်ရရှိခဲ့တာမှာ (၂)ဂိုးသွင်းယူပေးခဲ့တဲ့ ဟယ်ရီကိန်းဟာ အာဆင်နယ်ရဲ့ကနဝင်ကစာသမား ဟင်နရီရဲ့စံချိန်တစ်ခုကိုလိုက်မှီသွားခဲ့ပါတယ်။

ဒါကတော့ အဆိုပါပွဲဟာ အသက်(၂၃)နှစ်သား ဟယ်ရီကိန်းရဲ့ ပရီးမီးယားလိဒ်ကစားပွဲ(၁၀၀)ပြည့်မြောက်ခဲ့တဲ့ ပွဲလည်းဖြစ်ပါတယ်။ အဆိုပါပွဲမှာ (၂)ဂိုးသွင်းယူလိုက်နိုင်တာကြောင့် ပရီးမီးယားလိဒ်သွင်းဂိုး (၅၉)ဂိုးရှိသွားပြီဖြစ်ပါတယ်။သီရာရီဟင်နရီရဲ့ ပရီးမီးယားလိဒ် ပွဲ(၁၀၀)ပြည့်စဉ်ကသွင်းဂိုးဟာလည်း (၅၉)ဂိုးရှိပါတယ်။

ဟယ်ရီကိန်းဟာ မနေ့က ကစားခဲ့တဲ့ ၀က်ဖိုဒ့်အသင်းနဲ့ပွဲမှာ ပွဲချိန် (27)မိနစ်နဲ့ (33)မိနစ်တို့မှာသွင်းယူခဲ့ပါတယ်။

#မောရစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။