မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ အိမ်ကွင်းမှာ နာပိုလီအသင်းကို တစ်ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ ရမှတ် ၈၅ မှတ်နဲ့ အဆင့် ၁ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။နာပိုလီအသင်းဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၈၄ မှတ် နဲ့ အဆင့် ၂ နေရာမှာရှိနေပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် တစ်မှတ်သာကွာဟတော့တဲ့ အနေအထားကြောင့် စီးရီးအေပြိုင်ပွဲဟာ ပိုမို အသက်ဝင်လာခဲ့တာလည်းဖြစ်ပါတယ်။ပြိုင်ပွဲပြီးဆုံးဖို့ ၄ ပွဲသာကျန်ရှိတော့တာကြောင့် နှစ်သင်းလုံးအတွက် အခွင့်အရေး အညီအမျှရှိနေတာလည်းဖြစ်ပါတယ်။လက်ကျန်ပွဲစဉ်တွေမှာ တစ်သင်းက ခြေချော်ခဲ့ရင်တော့ ချန်ပီယံဆုနဲ့ လွဲချော်သွားဖို့ ရှိနေတာကြောင့် အမှားခံလို့ မရတော့တာလည်းဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟီဂူအင်၊ မာတွီဒီ၊ ဒီဘာလာ၊ ဒေါက်ဂလက်ကော်စတာ၊ ခီဒီယာ၊ ပီဂျာနစ် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။နာပိုလီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အစ်ဇဂနီ၊ မာတင်၊ ကယ်လီဂျွန်၊ ဟမ်ဆစ်၊ ဂျော်ဂျင်ဟို၊ အလန် တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နာပိုလီအသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ ကော်လီဘယ်လီက မိနစ် ၉၀ မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။