ရုပ်ရှင်ဇာတ်ကားတော်တော်များများ မှာ နာမည်ကြီးမင်းသားတွေနဲ့ အတွဲညီညီသရုပ်ဆောင်ခဲ့ရတဲ့ သရုပ်ဆောင်မင်းသမီးချော နဝရတ် ဟာ အနုပညာလောကနဲ့ အဆက်သွယ်ပြတ်နေတာကြာပြီမို့သူမကို လွမ်းဆွတ်တမ်းတနေတဲ့ ပရိသတ်များစွာရှိနေတာပါ။

ဇာတ်ကားတွေမရိုက်ဖြစ်တော့ပေမယ့် ချစ်စရာကောင်းပြီး ပွင့်လင်းသွက်လက်စွာပြောတတ်တဲ့ သူမရဲ့ အပြောအဆိုဟန်ပန်အမူရာကတော့ ပရိသတ်တွေကြားမှာ စွဲကျန်နေဆဲဖြစ်ပါတယ်။

လက်တလောမှာတော့ သူမကိုချစ်တဲ့ Welove Nawarrat အဖွဲ့ကနေ သူမရဲ့ ဇာတ်ကားတစ်ကားထဲက ပုံဟောင်းလေးတွေ ကို ပြန်လည်မျှဝေထားတာတွေ့ရပါတယ်။

ဇာတ်ရုပ်ပီပြင်လွန်းပြီး ဘဘာဝကျကျ သရုပ်ဆောင်နိုင်တဲ့ နဝရတ် ရဲ့ ဇာတ်ရုပ်တစ်ခုက ပုံလေးတွေကို ပရိသတ်တွေကြည့်ရင်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်။

နဝရတ်ဟာ T8 Beauty Saloon ပိုင်ရှင် တစ်ဦးဖြစ်ပြီးအရင်လို ကားရိုက်တွေလက်မခံဖြစ်တော့ကြာပေမယ့် စီးပွားရေးဘက်ကိုပဲခြေဦးလှည့်နေသလို တစ်ဖက်မှာလည်း ဆေးကုသမှုခံယူနေတဲ့ လူမမာဖခင်ကြီးကို အနီးကပ်ပြုစုစောင့်ရှောက်နေတယ်လို့သိရပါတယ်။

နဝရတ်ဟာ သင်္ကြန်ရက်မတိုင်မီကထဲက နေမကောင်းဖြစ်နေတဲ့ ဖခင်ကြီးဘေးနားမှာ ပြုစုစောင့်ရှောက်နေကြောင်း သူ့ရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ ပုံလေးတွေတင်ထားတာတွေ့ရပါတယ်။

နဝရတ်ကတော့ အရင်က သရုပ်ဆောင်ထားတဲ့ ပုံဟောင်းလေးတွေတင်ရင်း အနုပညာလောကကို ပြန်တမ်းတနေပုံပါပဲ။ 

Source : Nawarratt koko fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။