လူတိုင်းနီးပါးက ကိုယ့်ကို ချစ်တာ၊ ခင်တာ၊ ကိုယ့်ကို မှတ်မိနေတာ မျိုးတွေကို သဘောကြတတ်ပါတယ်။ ဒါပေမဲ့ စကားပြောတဲ့အခါ ဘယ်လို လိမ်မာပါးနပ်ရမလဲ ဆိုတာကိုတော့ လျစ်လျူရှုတတ်ပါတယ်။ ဒီလို မဖြစ်ရလေအောင် ကိုယ်နဲ့ ပေါင်းသင်း ဆက်ဆံပြီးတဲ့သူတိုင်းက ကိုယ့်ကို ချစ်ခင်စေမဲ့အပြင် ကိုယ့်ရဲ့ စကားပြောစွမ်းရည် တိုးတက်ဖို့အတွက် လျှို့ဝှက်ချက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ချို့တွေက သိပြီးသား ဖြစ်နိုင်ပေမဲ့လည်း ဘယ်အချက်တွေက ကိုယ်နဲ့ ကိုက်ညီမှု ရှိလဲ ဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော် ။  

၁. တစ်ဖက်သား ပြောတဲ့ စကားကို စိတ်ပါလက်ပါ အားရုံစူးစိုက် နားထောင်ပေးသင့်ပါတယ်။

၂. ကိုယ်ဖြစ်ချင်တာ ကိုယ်ပြောချင်တာ တစ်ခုတည်းကို ပြောနေဆိုနေတာမျိုး မဟုတ်ဘဲ တစ်ဖက်သား စိတ်ဝင်စားမဲ့ အကြောင်းအရာကို ပြောဆို တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

၃. အရေမကြီးတဲ့ အသေးစိတ် အချက်တွေကို ထည့်ပြောတာမျိုး မလုပ်သင့်ပါဘူး။

၄. တူညီတဲ့ စကားတစ်ခွန်းကို ထပ်ခါ ထပ်ခါ ပြောခြင်းမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

၅. စကားပြောတဲ့အခါ ရှင်းလင်းတိကျဖို့နဲ့ ပြတ်ပြတ်သားသား ပြောဆိုတတ်ဖို့လည်း အရေးကြီးပါတယ်။

၆. သူပြောတာ နားထောင်ပြီးတော့ ဖြစ်ဖြစ်၊ ကိုယ်ပြောချင်တာ ပြောပြီးသွားလို့ပဲဖြစ်ဖြစ် သင့်တော်တဲ့ မေးခွန်းကောင်းကို လည်း မေးတတ်ဖို့ လိုပါတယ်

၇. မတူညီတဲ့ သဘောထားကို အတင်း မှန်ကန်ဖို့၊ ညှိနှိုင်းဖို့ ကြိုးစားတဲ့သူ မဖြစ်ဖို့လည်း အရေးကြီးပါတယ်။ တစ်ဖက်သား စိတ်အနှောင့်အယှက် မဖြစ်အောင်၊ စိတ်မငြိငြင်အောင် ပြောဆိုသင့်ပါတယ်။

၈. စကားတစ်ခွန်းကို မဆုံးသေးဘဲ ကြားဖြတ်ပြောခြင်းကလည်း ရိုင်းတဲ့ အပြုအမူဆိုတာ မမေ့ပါနဲ့။

၉. ရန်လိုတဲ့ စကားမျိုး မဟုတ်ဘဲ အကောင်းမြင်စိတ်နဲ့ စကားပြောဆိုသင့်ပါတယ်။   

၁၀. ချီးမွမ်းသင့်တဲ့အခါ တစ်ဖက်သားကို ချီမွမ်းစကားဆိုဖို့လည်း မမေ့ပါနဲ့။

အထက်ဖော်ပြပါ အချက်တွေက သိပြီးသားတွေဖြစ်နိုင်ပေမဲ့လည်း အားလုံးကို လိုက်နာဖို့ မေ့လျော့တတ်ကြပါတယ်။ သတိမမူ ဖြစ်နေတတ်ကြပါတယ်။ ဒီအချက်လေးတွေကို သိရှိြ့ပီးနောက် လုပ်ငန်းခွင်မှာဖြစ်စေ၊ မိသားစု အသိုင်းအဝိုင်းမှာ ဖြစ်စေ၊ သူငယ်ချင်း အချင်းချင်းဖြစ်စေ ပေါင်းသင်းဆက်ဆံရေးမှာ ကောင်းမွန်ပြေပြစ်ပြီး အောင်မြင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ ။ 

Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။