မြန်မာ့ရိုးရာဓလေ့ထုံးတမ်းတစ်ခုဖြစ်တဲ့ အသံမစဲပဌာန်းပွဲကို ရန်ကုန်မြို့အထင်ကရတစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတိတော်တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပဌာန်းပွဲကို ဧပြီလ ၁၈ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ၅ရက်တိုင် ဆရာတော်သံဃာတော်များက ရွက်ဖတ်ပြုဇော် ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

မနေ့က ဧပြီ ၂၂ တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ချမ်းသာကြီးတန်ဆောင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၅ ရက်တိုင်တိုင် အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပဌာန်းသိမ်းအောင်ပွဲအခမ်းအနားတွင် ဆရာတော်သံဃာတော်များထံမှ ဩဝါဒခံယူခြင်း တရားတော်နာယူခြင်း လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း ကုသိုလ်အဖို့ဘာဂအပေါင်းအား ရေစက်သွန်းချအမျှပေးဝေခြင်း တို့မအားပြုလုပ်ခဲ့တာတွေ့ရပါတယ်။ 

လက်ရှိမြန်မာ့ထုံးတမ်းတစ်ခုဖြစ်တဲ့ အသံမစဲပဌာန်းပွဲကို ပြည်တွင်းရှိ ဗုဒ္ဓဘာသာဒေသအများစုတွင် ပြုလုပ်ကျင်းပလျှက်ရှိတာတွေ့ရပါတယ်။ ချစ်ပရိသတ်များအတွက် မနေ့ကပြုလုပ်ခဲ့တဲ့ ရွှေတိဂုံဘုရားပဌာန်းသိမ်းအောင်ပွဲအခမ်းအနား အမှတ်တရဓာတ်ပုံများနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Photos - Phyo Min Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။