မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဆွမ်ဆီးအသင်းကို ၅ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရရှိထားခဲ့ပြီဖြစ်ပေမယ့် သွင်းဂိုးတွေကတော့ ရပ်တန့်လို့မရနိုင်သေးတာလည်းဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ ရမှတ် ၉၀ ရယူထားနိုင်တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းကတော့ ရမှတ် ၃၃ မှတ်ရရှိထားပြီး အဆင့် ၁၇ မှာ ရှိနေတာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဘာနန်ဒိုဆေးဗာလ်း၊ ဂါဘရီရယ်ဂျီဆပ်၊ စတာလင်း၊ ဒီဘရိုင်း၊ ဂန်ဒိုဂမ်၊ ဒေးဗစ်ဆေးဗာလ်း တို့ကိုထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ဆွမ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဂျော်ဒန်အယူး၊ ကာရိုး၊ ဆွန်ယောင်ကီ၊ ကင်း၊ အန်ဒရီအယူး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးကိုတော့ ၁၂ မိနစ်မှာ ဒေးဗစ်ဆေးဗာလ်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။၁၆ မိနစ်မှာ စတာလင်းက မန်စီးတီးအသင်းအတွက် ဒုတိယဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဘရိုင်းက ၅၄ မိနစ်မှာ တတိယဂိုးသွင်းယူပေးခဲ့ပြီး ဘာနန်ဒိုဆေးဗာလ်းက ၆၄ မိနစ်မှာ လေးဂိုးမြောက်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးဂိုးကိုတော့ ပွဲပြီးခါနီးမှာ ဂါဘရီရယ်ဂျီဆပ် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။