ဘင်္ဂလားဒေံရှ်နိုင်ငံမှာတော့ ခရစ်ကစ်ကစားတဲ့ ကစားတဲ့အမျိုးသမီးတစ်ဦးဆီက စိတ်ကြွဆေးပြားတွေဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။ ဖမ်းဆီးရရှိခဲ့တဲ့ စိတ်ကြွဆေးပြားတွေကတော့ မက်သဖက်တမင်း ယာဘ လို့ခေါ်တဲ့ စိတ်ကြွဆေးပြားတွေဖြစ်ပြီး အရေအတွက်အနေနဲ့ဆိုရင် တသောင်းလေးထောင်လောက် လက်တွယ်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါအမျိုးသမီးကတော့ Nasrin Khan Mukta ဖြစ်ပြီး သူမဟာကစားဖော်တွေနဲ့အတူ ကော့ဆက်သဇားကို သွားနေစဉ် သူမစီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားကို ရပ်တန့်စစ်ဆေးရာမှ ယခုလိုဖမ်းဆီးရရှိခဲ့တာဖြစ်ပါတယ်။ Mukta ကိုတော့ လက်ရှိအချိန်မှာ မူးယစ်ဆေးတရားမဝင် ရောင်ဝယ်မှုနဲ့ စွဲချက်တင်ခံထားတယ်လို့သိရပါတယ်။

သူမဟာ အပြစ်ရှိကြောင်းထင်ရှားရင် အများဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရဖွယ်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်က မြို့ကြီးတွေမှာဆိုရင်လည်း ၎င်း ယာဘခေါ် မက်သဖက်တမင်း သုံးစွဲမှုဟာ ယခုနှစ်ပိုင်းတွေအတွင်း တိုးတက်လာနေပါတယ်လို့လဲ သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။