မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် သီးနှံစိုက်ခင်းများပျက်စီးရခြင်းရဲ့ အဓိကတရားခံမှ အစစ်ကိုထုတ် ဖော်နိုင်ခံပြီလို့ သိရပါတယ်။ စဉ့်ကူးမြို့နယ်၊ မာလဲ-နတ်တောင် ဒေသရှိတောင်သူသီးနှံစိုက်ခင်းများ ပျက်စီးရ ခြင်းမှာ ဝါဆိုသစ် ထုတ်လုပ်ရေးမှ ဆင်ကြောင့်လို့ ထင်မှတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။တကယ်တော့ သစ်ထုတ် လုပ်ရေးဆင်ကြောင့် မဟုတ်ဘဲ တောဆင်ရိုင်းတစ်ကောင်ကြောင့်သာဖြစ်တယ်လို့ စဉ့်ကူးမြို့သစ် တောဦးစီး ဌာနနှင့် သစ်ထုတ်လုပ်ရေးဌာနမှ တာဝန်ရှိသူများရဲ့ပြောကြားချက်အရသိရပါတယ်။ 

ထို့ပြင်ဝါဆိုဆင်စခန်းတွင် ဘေးမဲ့လွတ်ထားသော ဆင်လည်းမရှိဘူးလို့ ၎င်းသစ်ထုတ်လုပ်ရေးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောပါတယ်။စဉ့်ကူးမြို့နယ် ဒိုးနွယ်သစ်ထုတ်လုပ်ရေးစခန်းမှ အသက်အရွယ် ကြီးရင့်၍ လွတ်ထား သောဆင် တစ်ကောင်ကြောင့် အဆိုပါဒေသရှိတောင်သူသီးနှံစိုက်ခင်းများပျက်စီးရခြင်းဆိုတာဟာ မှန်ကန်မူမရှိ ကြောင်းအဆိုပါ ထင်မြင်ချက်ဟာ ကြံစိုက်တောင်သူ ဦးသိန်း ထင်းမြင်ယူဆချက်သာဖြစ်ကြောင်း၊ မိမိတို့ဌာနမှ ဘေးမဲ့လွတ်ဆင်လဲ မရှိပါကြောင်းအဆိုပါ တာဝန်ရှိသူရဲ့ ထပ်မံပြောကြားချက်အရသိရပါတယ်။  

၎င်းဒေသမှ တောင်သူများ လာရောက်တင်ပြချက်အရ အဆိုပါတောရိုင်းဆင်အား သစ်ထုတ်လုပ်ရေး ဆင် ယဉ်များနှင့် လူအင်အားတို့ဖြင့်ချောက်လှန့်ကာ အခြားဝေးရာတောထဲသို့ အကြိမ်ကြိမ် မောင်းထုတ်ပေးခဲ့ရ တယ်လို့သိရပါတယ်။အဆိုပါဆင်ရိုင်းဟာ နွေရာသီစာကျက်ရှားပါးလာတာကြောင့် စားကျက်ရှိရာသိုသာ ပြန်လည်ရောက်ရှိလာနေတာဖြစ်ပြီး ၎င်းဆင်ကြောင့် တောင်သူစိုက်ခင်းများပျက်စီးရခြင်းမှာ လည်းမှန်ကန် ပါကြောင်းနှင့် အဆိုပါတောဆင်ရိုင်းကိစ္စနှင့်ပတ်သတ်၍ သက်ဆိုင်ရာ ခရိုင်နှင့်တိုင်းဒေသကြီးတာဝန်ရှိ သူ တို့ထံတင်ပြထားပါကြောင်း အဆိုပါသစ်တောနှင့် သစ်ထုတ်လုပ်ရေးတာဝန်ရှိသူတို့ကပြောပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။