ကမ္ဘာပေါ်တွင် အကြီးဆုံးသော မြေအောက်လိုဏ်ဂူတစ်ခုဖြစ်သည့် မာဂျလိစ် အယ်လ်ဂျင် သည် အိုမန်နိုင်ငံ၊ ဆယ်လ် မာ ကုန်းပြင်မြင့်၏ ဝေးလံခေါင်ဖျားသော နေရာတွင် တည်ရှိပါတယ်။ ထိုလိုဏ်ဂူဟာ အလျား ၃၁၀ မီတာ၊ အနံ ၂၂၅ မီတာရှိသည့် ခန်းမဆောင်တစ်ခုအသွင်ရှိကာ တစ်လုံးတည်းရှိနေသည့်ဂူလည်း ဖြစ်ပါတယ်။ 

ဂူ၏ အမိုးဟာ ခုံးတစ်ခုအသွင်ဖြစ်နေကာ မီတာ ၁၂၀အထိ တောင် မြင့်ပါတယ်။ လိုဏ်ဂူ၏ အနက်ရှိုင်းသောနေရာဟာ အမိုးအောက် ၁၇၆ မီတာ အထိကွာဝေးပါတယ်။ လိုဏ်ဂူရဲ့ အကျယ်အဝန်းကို မြင်သာစေရန်ပြောရလျှင် ၇၄၇ ဂျက်လေယာဉ် ၁၂ စီးကို လိုဏ်ခန်းမအတွင်း ထားရှိနိုင် သည်ဟု ဆိုပါတယ်။  

လိုဏ်ဂူရှိသည့် နေရာသို့ အတွေ့အကြုံများသော တောင်တက်သမားများသာ ရောက်ရှိနိုင်ကြသဖြင့် ခရီး သွား ဧည့်သည်များ အလွယ်တကူ လာရောက်လည်ပတ်နိုင်ရန် လွယ်ကူသော အစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ပရိသတ်ကြီးူ ဗဟုသုတရစေရန်အတွက် ကမ္ဘာ့အကြီးဆုံးမြေအောက်ဂူကြီး အကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။  

Source  : မောင်သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။