ဧပြီ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်အချိန်၊ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မုံးကိုးသွား လမ်းပေါ်တွင် မိုင်းတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။အဆိုပါပေါက်ကွဲခဲ့တဲ့ မိုင်းကတော့ အဝေးထိန်း အမျိုးအစားမိုင်းတစ်မျိုးဖြစ်ပြီး အမှတ်-၅ ရပ်ကွက် ပြည်သူ့ဆေးရုံ၏ အရှေ့ဘက် ကိုက် ၅ဝဝ ခန့် ပန်ဆိုင်း (ကြူကုတ်)မုံးကိုးသွားကားလမ်းမပေါ်တွင် ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။  

အဆိုပါ မိုင်းပေါက်ကွဲနေရာသို့ မူဆယ်ခရိုင် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်များ၊ နမ့်ခမ်းမြို့မ ပြည်သူ့စစ်(ဌာနေ)မှ တပ်ဝင်များ၊မြို့မိမြို့ဖများနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။သွား ရောက်စစ်ဆေးခဲ့ရာတွင် လက်နက်ကိုင်အဖွဲ့တစ်ခု(စုံစမ်းဆဲ)ထောင်ထားတဲ့ မိုင်းဖြစ်ပြီး အဝေးထိန်းကိရိယာဖြင့် ဖေါက်ခွဲခဲ့တာပဲ ဖြစ်ပါတယ်။အဆိုပါ ပေါက်ကွဲမှုကြောင့် မုံးကိုးဘက်မှ ပန်ဆိုင်းဘက်သို့ မောင်းနှင်လာသော ယာဉ်တစ်စီးအား ထိမှန်ခဲ့သဖြင့် ရှေ့လေကာမှန်ကွဲကျေပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ ယာဉ်မှာတရုတ်နိုင်ငံ ဝမ်တိန်ဘက်သို့ မောင်းနှင်သွားခဲ့ကြောင်းသိရပါတယ်။တခြား လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။လက်ရှိမှာတော့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းစစ် ဆေးလျက်ရှိပြီး တာဝန်ရှိသူများမှ တည်ဆဲဥပေးများအတိုင်း ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။