ကလေးသူငယ်တွေ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရတာနဲ့ပတ်သတ်ပြီး အန္ဒိယနိုင်ငံကတော့ အမိန့်ချမှတ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ထိုချမှတ်လိုက်တဲ့ အမိန့်ပြစ်ဒဏ်ဟာဆိုရင်တော့ ကလေးသူငယ်တွေကို လိင်ပိုင်ဆိုင်ရာ တိုက်ခိုက်စော်ကားသူတွေအနေနဲ့ သေဒဏ်ချမှတ်ခံရမယ်ဆိုတာပဲဖြစ်ပါတယ်။

၎င်းအမိန့်ချမှတ်မှုကိုတော့ အန္ဒိယအစိုက အတည်ပြုထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပြီး ယခုလိုပြောင်းလဲလိုက်တဲ့ ပြစ်ဒဏ်အသစ်အရ အသက်၁၂ နှစ်အောက် ကလေးတွေကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်စော်ကားခံရတဲ့ ပြစ်မှုတွေကိုတော့ ယခုမှစတင်ကာ သေဒဏ်ပေးတော့မှာဖြစ်တယ်လို့လဲသိရပါတယ်။ လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်ခံရမှုတွေကို လုံလောက်တဲ့အကာအကွယ်ပေးမှုတွေ ပြုလုပ်မပေးဘူးလို့ အကြီးအကျယ်ဝေဖန်ခံနေရတဲ့ အန္ဒိယအစိုးရအတွက်တော့ ဒါဟာ ကြီးမားတဲ့ သက်သေပြမှုတစ်ခုပါပဲ။

အရင်ကတော့ ရာဇဝတ်ကောင်တော်တော်များများကိုတော့ သေဒဏ်ချမှတ်တာတွေ များစွာပြုလုပ်လေ့ရှိပေမယ့် ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီးတော့ သေဒဏ်ချမှတ်တာတွေမရှိခဲ့ပါဘူး။2016 ခုနှစ်တုန်းကဆိုရင်လည်း အိန္ဒိယနိုင်ငံမှာ မုဒိမ်းမှုပေါင်း 19000 လောက်ဖြစ်ပွားခဲ့တယ်လို့လဲသိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။