မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့၊ ဗျတ္တပန်းဆက်လမ်းတွင် သွားလာကျသည့် ဘုရားဖူးမော် တော်ယာဉ်များအား လမ်း တစ်လျှောက် ငွေစက္ကူများစွန့် ကြဲခြင်းမပြုကြရန်အတွက် ဧပြီ ၂၂ ရက် နံနက် (၈)နာရီ၊ ကျောက်ပန်းတောင်း မြို့နယ်၊ ပုပ္ပားဒေသခံလူငယ်များနှင့် ဌာနဆိုင်ရာများစုပေါင်း၍ မေတ္တာရပ်ခံ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ကြတယ်လို့ သိရပါတယ်။ဗျတ္တပန်းဆက်လမ်းတွင် စတင်လမ်းခွဲတဲ့ တောင် ဇင်း ကျေးရွာမှ ပုပ္ပားကျေးရွာအကြားရှိ ကျေးရွာအချို့တွင် ဒေသခံများဟာ ဘုရားဖူးကားများထံမှ ငွေတောင်းခံ ခြင်းများကို ယခင်က ပုပ္ပားဘိုးတော်ထွက်ပွဲ ဘုရားဖူးများ အသွားအလာများ ကာလတွင်သာအများဆုံး တွေ့ရှိရ ပါတယ်။ 

ထိုစဉ်က အပျော်သဘောသက်သက် လုပ်ဆောင်ခဲ့ကြသော်လည်း၊ နောက်ပိုင်း တွင် ရာသီမရွေး၊ အချိန်အခါ မရွေးကလေး၊ လူကြီးသာမက ပျိုရွယ်သူများကပါ စီးပွားဖြစ်လုပ်ငန်းတစ်ခုသဖွယ် နေ့စဉ်လမ်းဘေးထွက်၍လုပ် ကိုင်လာ ကြပါတယ်။ထို့အပြင် မြန်မာပြည်အရပ်ရပ် ဘုရား ဖူးပြည်သူအချို့မှ လူမှုကွန်ရက်စာမျက် နှာများတွင် ရေးသားလာခြင်း၊ နိုင်ငံခြား ခရီးသွားများရဲ့ အမြင်မတင့်တယ်ခြင်း နှင့် ကျောင်းသားရွယ်ကလေးငယ်များ ပါ စာရိတ္တပိုင်းဆိုင်ရာ ယိုယွင်းအားနည်း မှုများရှိလာနိုင်တာကြောင့် ပုပ္ပားဒေသခံ လူငယ်များက ဒေသအာ ဏာပိုင် အဖွဲ့ အစည်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ဒေသခံ မှုခင်းသတင်းအဖွဲ့များနှင့် ပူးပေါင်းကာ ငွေစက္ကူ များစွန့် ကြဲခြင်းမပြုကြပါရန် လက်ကမ်းစာစောင်များ ဖြန့်ဝေနှိုးဆော် နေခြင်းဖြစ်တယ်လို့သိရပါတယ်။  

အဆိုပါ မေတ္တာရပ်ခံလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို သင်္ကြန်မတိုင်မီက သုံးကြိမ်ဆောင်ရွက်ခဲ့ပြီး ယနေ့ ဆောင်ရွက်မှုကတော့ စတုတ္ထအကြိမ် ဖြစ်တယ်လို့သိရပါတယ်။ထပ်မံ၍လည်း ညောင်ဦး မြို့နယ် တောင် ဇင်းကျေးရွာ တာဝန် ရှိသူများ၊ လူငယ်များနှင့် ပူးပေါင်း၍ ကျေးရွာများအရောက် ပညာပေးစည်းရုံး ခြင်းတို့ကို ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ပုပ္ပားကျေးရွာလူငယ် အဖွဲ့မှ ဦးကျော်ဟိန်းကပြောပါတယ်။ အဆိုပါ လက်ကမ်းစာစောင်များကို ပုပ္ပားကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံရွှေ နှင့် ရပ်မိရပ်ဖများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စေတနာရှင် လူမှု ကူညီရေးအသင်းမှ ဦးကျော်ဟိန်းနှင့် အဖွဲ့ဝင်လူငယ်များ၊ မှုခင်းသတင်းအဖွဲ့ ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြတယ်လို့သိရပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။