ဒီရက်ပိုင်း အပ်ချလောင်းဆိုသလို ပြောင်းလဲလိုက်တဲ့ Facebook ရဲ့မူဝါဒကြောင့် မြန်မာနိုင်ငံက facebook အသုံးပြုကြသူတွေ အုတ်အော်သောင်းနင်းဖြစ်ကုန်ကြပါတယ် ။ ပြောင်းလဲလိုက်တဲ့ မူဝါဒအသစ်နဲ့မရှေးမနှောင်းမှာ ဒီမူဝါဒတွေနဲ့ ပတ်သက်လို့ အဆင်မပြေတဲ့အကြောင်း Facebook မှာဘဲရင်ဖွင့်ခဲ့သူကတော့ နိုင်ငံကျော် အစီအစဉ်တင်ဆက်သူ မောင်မောင်အေးပါ။ မောင်မောင်အေး က Facebook နဲ့ ပတ်သက်တဲ့ အမြင်ကို သူ့ကိုယ်ပိုင် Facebook Account ကနေ အောက်ပါအတိုင်း ပြန်လည်မျှဝေခဲ့ပါတယ်။ 

ဇဂါဘောက်ရေ...တကယ်တော့ နင့်ဖေ့ဘွတ်သုံးနေရတဲ့ ငါတို့တွေဟာ .....နင့် လက်ခုပ်ထဲက သေးခွက်လေးတွေပါဟယ်။

နင့် စိတ်တိုင်းကျ သောက်ချင်ရင်သောက် .. နင့်မျက်ခွက်ပေါ် မှောက်ချင်ရင်မှောက်ပေါ့.....

အထူးသဖြင့် နင့်ရဲ့သောက်တလွဲစည်းကမ်းပေါတွေကြောင့် နင့်ဖေ့ဘွတ်ဟာ ငွေတမျက်နှာဖြစ်နေပြီဆိုတာ ကြာလေ ရုပ်ပေါက်လာလေဖဲ အစချီပြီးရေးသားထားတာကို တွေ့ရပါတယ်။ လူပျိုကြီးမောင်မောင်အေးတစ်ယောက် ရေးသားချက်အရ ပိုစ်ထဲက ဇဝါဘောက်ဆိုတာ Facebook တည်ထောင်သူ မက်ခ်ဇူကာဘတ်ကို ရည်ရွယ်ချင်သလိုလိုပါဘဲ။

အားမတန်လို့မာန်လျှော့ရတဲ့ မောင်မောင်အေးတစ်ယောက် ကတော့ ငါတို့ကလည်း နင့်ဟာသုံးနေရသ၍ နင့်လက်ခုပ်ထဲက သေးခွက်လေးတွေပါပဲလေ ဆိုပြီး သူ့ခံစားချက်တွေကိုရင်ဖွင့်ထားပါတယ်။ နင်စိတ်ကြိုက်သာ သောက်ချင်သောက်... နင့်အခွက်ပေါ် အားရပါးရမှောက်ချင်မှောက်နေပါတော့ ဆိုတဲ့အရေးအသားက တော့ မြန်မာနိုင်ငံက facebook အသုံးပြုသူတွေ အကြိုက်ဆုံးဖြစ်မှာပါ ။ Rockerကြီး လင်းလင်း ကတော့ ရင်ဘတ်ခြင်းတူတယ်ထင်ပါရဲ့ ၊ ဒီပိုစ်ကို သူ့ရဲ့ Facebook ကနေပြန်လည်မျှဝေပေးခဲ့ပါတယ်။ ပရိသတ်ကြီးလည်း မောင်မောင်အေးရဲ့ ခံစားချက်လေးတွေကို နားထောင်ပြီးပြန်လည်မျှဝေပေးပါဦးနော်။

Source - Mg Mg Aye 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။