ပရိသတ်တွေကြားမှာမန္တလေးတပင်ရွှေထီးလို့နာမည်ကျော်ကြားတဲ့ လူငယ်တေးသံရှင် J Fire ကတော့ အရမ်း ကိုခံစားမှုပြင်းထန်တဲ့ သီချင်းလေးတစ်ပုဒ်နဲ့ နားထောင်သူပရိသတ်တိုင်းကို မျက်ရည်ဝဲစေခဲ့ပြန်ပါပြီး။ဒီ သီချင်း လေးဟာ သူဘဝဇာတ်ကြောင်းအစဆုံးကို ခံစားချက်ပြင်းပြင်းနဲ့ ရေးသားသီဆိုခဲ့တာဖြစ်ပြီး နားထောင်ပရိသတ် တိုင်းကို ကျက်သီးထစေခဲ့တဲ့ အပြင်ဝမ်းနည်မှုမျက်ရည်တွေကိုပါ အလိုလိုကျလာစေခဲ့တာကြောင့် သီချင်းတစ် ပုဒ်ထက်ပိုသော ခံစားချက်သီချင်းလေး တစ်ပုဒ်လို့ ဆိုရပါမယ်။  

ပြီးခဲ့တဲ့လက ဒီသီချင်းလေးရဲ့ နမူနာအမြည်းလေးကို ပရိသတ်တွေစီချပြလိုက်ကတည်းက ပရိသတ်တွေအရမ်း ကို စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ဧပြီလ(၂၂)ရက်နေ့ မနေ့ကသူရဲ့လူမှုစာမျက်နှာအထက်ကနေ ဒီသီချင်းလေးရဲ့ Music MTV လေးကိုတင်ခဲ့တာပဲ ဖြစ်ပါတယ်။သီချင်းရဲ့ နာမည်လေးကိုတော့ My Fervent Hope (ကောက်ရိုး တစ်မျှင်)လို့နာမည်ပေးထားပြီး လူမှုစာမျက်နှာမှာဖြန့်ဝေပြီး နာရီပိုင်းမှာတင် ကြည့်ရှု့သူသောင်းနဲ့ချီခဲ့ကာသီချင်း လေးကို နားထောင်သူတိုင်း မျက်ရည်ဝဲခဲ့ကြရမယ်လို့ ယုံကြည်ပါတယ်။

ဒီသီချင်းလေးမှာတော့ သူရဲ့ ငယ်စဉ်ဘဝမှာဆိုးရွှားတဲ့လောကဓံ အခက်ခဲတွေကိုရင်ဆိုင်ရင်း မိသားစုကိုပင်ပန်း ဆင်းရဲစွာ ရှာဖွေစောင့်ရှောက်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးကို သီချင်းစားသားတွေအဖြစ်နဲ့ ရင်ထဲကလာတဲ့ ခံစားချက်အစစ်အမှန်တွေကို ရေးသားထားတာပဲ ဖြစ်ပါတယ်။သီချင်းစားသားတွေအားလုံးရော MTVလေးပါ ပြောစရာမရှိအောင်ကောင်းလွန်းပြီး တကယ့်ကိုနားထောင်သူတိုင်း ကျက်သီးမွေးညှင်းတွေထစေခဲ့ကာ မျက် ရည်တို့အလိုလိုယိုစီးကျစေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ J Fire ရဲ့ ရင်ထဲခံစားချက်တွေအားလုံးကို သီချင်းလေးအဖြစ်နဲ့ ပရိသတ်တွေရင်ထဲပြောမပြတက်အောင် စို့နစ်ထိရှစေခဲ့တဲ့ ကောက်ရိုးတစ်မျှင် သီချင်း လေးကိုလည်း ပရိသတ်တွေနားဆင်နိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - J Fire 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။