Chi Chi လို့ခေါ်တဲ့ ဒီခွေးကလေးကို သခင်ဖြစ်သူဟာ ချိန်းကြိုးနဲ့ ချည်ထားပြီး အစာပြတ်ရေပြတ်ထားခဲ့တဲ့အတွက် သူမဟာ မလုပ်သင့်တဲ့အရာကို လုပ်ခဲ့ရပါတယ်။ 

Deandre Goodsonလို ့ခေါ်တဲ့ အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသားဟာ Chi chi အပါအဝင် သူ့ရဲ့ခွေးသုံးကောင်ကို ချိန်းကြိုးနဲ့ချည်ထားပြီး အစာပြတ်ရေပြတ်ထားခဲ့ပါတယ်။ Chi chi ဟာ ကျန်တဲ့ခွေးနှစ်ကောင်ကိုက်ထားတာကို ခံခဲ့ရပြီး ခေါင်းနဲ့ခန္ဓာကိုယ်မှာ အမာရွတ်တွေများစွာနဲ့ကယ်ဆယ်ခံခဲ့ပါတယ်။

ရဲအရာရှိတွေဟာ ခွေးတွေကိုရှာဖွေတွေ့ရှိခဲ့ပြီး Chi Chi ဟာ ဆာလောင်လွန်းတဲ့အတွက် သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ခွေးပေါက်လေးနှစ်ကောင်ကို စားခဲ့တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Chi Chi ဟာ သူ့ရဲ့ကိုယ်ပိုင်သားသမီးတွေကို စားသောက်ပြီးတာတောင် အားနည်းနေသေးပုံရတယ်လို့ ရဲအရာရှိတွေက ပြောကြားခဲ့ပါတယ်။ သခင်ဖြစ်သူကိုတော့ တိရစ္ဆာန် ညှင်းပန်းနှိပ်စက်မှူနဲ့ ဖမ်းဆီးထားခဲ့ပါတယ်။

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။