ဒီနေ့ဟာဆိုရင် အဆိုတော်ရဲရင့်အောင်ရဲ့ချစ်သူဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင် ဧငြိမ်းဖြူရဲ့မွေးနေ့ မင်္ဂလာ လေးဖြစ်ပါတယ်။ သူမရဲ့မွန်မြတ်တဲ့ မွေးနေ့မင်္ဂလာလေးကို သန်လျင်သဘာ၀ တရားရိပ်သာမှာရှိတဲ့ မိဘမဲ့ကလေးတွေ စိတ်ဝေဒနာရှင်တွေ ခိုလံှုရာမဲ့သူ အယောက် ပေါင်း 3100 ကျော်ကို ထမင်းနဲ့ဟင်း အလှူပြုပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ်လိုအပ်တဲ့ နေရာလေးမှာ လှူတန်းခဲ့တာမို့ မွန်မြတ်တဲ့ အလှူ လေးကို သာဓုခေါ်ပါတယ် ရတနာလေး ရေ။

သူမဟာ အနုပညာပျိုးခင်မှ သရုပ်ေ်ဆာင်တစ်ဦးဖြစ်ပြီး " ဟိုးတုန်းက ကက်ဆက်ဇာတ်လမ်း မျာျး " ဆိုတဲ့ အစီအစဉ်မှာ ပါဝင်သရုပ်ဆောင်ရင်း ပရိတ်သတ်တွေရဲ့ အားပေးမှုကိုရရှိ ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ မွန်မြတ်တဲ့မွေးနေ့လေးမှာ မွေးနေ့ဆုတောင်းသီချင်း သီဆိုတဲ့ အခါမှာတော့ ချစ်သူဖြစ်တဲ့ ရဲရင့်အောင်က အများနည်းတူလက်ခုပ်မတီးမိပဲ သတိလက် လွတ်နေမိတာကြောင့် သူမက လက်တို့ပြီးိလက်ခုပ်တီးဖို့ သတိပေးတဲ့ Video File လေးဟာ ပရိတ်သတ်တွေကြားမှာ ရေပန်းစားပြီး သဘောကျလျက်ရှိပါတယ်။

သူမရဲ့မွေးနေ့အလှူလေးကို " ယနေ့မွေးနေ့မင်္ဂလာ တကယ်မမေ့နိုင်တဲ့ နေ့လေးပါ ... သန်လျင် "သဘာဝတရားရိပ်သာ" မှာ အဘိုးအဘွားတွေ မိဘမဲ့ကလေးတွေ စိတ်ဝေဒနာ ရှင်တွေ ခိုလုံရာမဲ့သူ တွေ အယောက်ပေါင်း "3100" ကျော်ကို ကိုယ့်ဝင်ငွေလေးနဲ့ လှူဒါန်း ခွင့်ရတာ အရမ်းပီတိဖြစ်မိပါ တယ် .. ပရဟိတလဲလုပ်ခဲ့ပါတယ် ဝိုင်းဝန်းလိုက်ပါ ကူညီပေးကြ သော ချစ်ရသောသူများနှင့် Queenie A လေးတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် အဓိကကျေးဇူးရှင်တွေကတော့ မွေးထုတ်ပေးခဲ့တဲ့ အဖေနဲ့အမေပါ .. တစ်သက်လုံး ကျေးဇူး ဆပ်လို့မကုန်ပါဘူး .. " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။

Photo - Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။