ဗြိတိန်နိုင်ငံမှာ တည်ရှိတဲ့ စတန်းဖိုဒ့်ရှိုင်းယားနယ်မှာ ထုလုပ်ပြီးစီးခဲ့တဲ့ ရုပ်တုတစ်ခုဟာဆိုရင် ဓားတွေနဲ့ ပြုလုပ်ထားပါတယ်။ ဒီရုပ်တုကြီးရဲ့ အမြင့်ကတော့ ၈မီတာရှိတယ်လို့လည်း သိရပါတယ်။ ဒီရုပ်တုကြီးရဲ့ နာမည်ကိုတော့ Knife Angel လို့ အမည်ပေးထားပြီး ထုလုပ်ထားတဲ့ လက်ရာဟာ ကြည့်လိုက်တဲ့သူတိုင်းကို တအံ့တသြ ဖြစ်စေခဲ့ရပါတယ်။ 

ဒီရုပ်တု ကို ဓားတွေနဲ့သာ ပြုလုပ်ထားပြီး ရုပ်တုဖြစ်ပေါ်လာဖို့ အတွက် ဓားအရွယ်အစားမျိုးစုံ တစ်သိန်းကျော်နဲ့ ပြုလုပ်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ထိုရုပ်တုကို ဖန်တီးပေးထားသူက တော့ Alfie Bradley ဖြစ်ပြီး ရုပ်တုရဲ့ မျက်နှာနဲ့ လက်ချောင်းတွေမှအပ ကျန်တဲ့အစိတ်အပိုင်း အားလုံးကို ဓားတွေနဲ့သာ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ 

ရုပ်တုကို ဖန်တီးရာမှာ အသုံးပြုထားတဲ့ ဓားတွေကတော့ ထိုဒေသမှာ ရဲဌာနမှ ဖမ်းဆီးသိမ်းမိထားတဲ့ ဓားတွေကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ ယခုလို ဓားရုပ်တုကို ဖန်တီးထားတဲ့ ရည်ရွယ်ချက်ကတော့ လူအချင်းချင်း ချစ်ခြင်းမေတ္တာတရားထားတတ်ဖို့နဲ့ ရန်ပွဲတွေ ငြိမ်းအေးသွားစေဖိုကဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ 

Source:Naykhayan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။