မုန်ညင်းဖြူဟာ ဟင်းစားတစ်ခွက်အနေနဲ့အသုံးဝင်တာမဟုတ်ပါဘူး၊ ကျန်းမာရေးအတွက်လည်းအသုံးဝင် လှပါတယ်နော်။မုန့်ညင်းဖြူ ကကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသလို မျက်လုံးကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။ နာတာရှည်သမားတွေစားသုံးသင့်ပါတယ်။အရိုးတွေကိုလည်း သန်မာစေပါတယ်။ မုန့်ညင်းဖြူမှာ ဗီတာမင်တွေ သတ္တုဓာတ်တွေ များစွာပါဝင်နေပါတယ်။သံဓာတ်၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်၊ တု့ိလို အရိုးကျန်းမာဖို့ အထောက်ကူပြုတဲ့ ဓာတ်တွေပါဝင်နေပါတယ်။ 

မုန်ညင်းဖြူစားပေးမယ်ဆိုရင် သံဓာတ်ကို အပြည့်အဝရရှိစေမှာပဲဖြစ်ပါတယ်။သံဓာတ်အပြည့်ရရှိနေတဲ့ လူတွေမှာ သွေးလည်ပတ်မှုကိုကောင်းစေပြီး အောက်ဆီဂျင်ကို အပြည့်အဝရရှိစေမှာဖြစ်ပါတယ်။ဗီတာမင် ကေပါဝင်လို့ နှလုံးကျန်းမာစေပြီး သွေးတိတ်စေပါတယ်။ ရာသီသွေးအဆင်များတဲ့အမျိုးသမီးတွေ စားပေးဖို့ လိုပါတယ်။ အနာကျက်တဲ့ အာနိသင်လည်း ရှိပါတယ်။ဗီတာမင် အေကြွယ်ဝမှုကြောင့် အာရုံကြောတွေကို အားကောင်းစေပြီး မျက်ကြည်လွှာမပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။ 

ဗီတာမင်စီ ပါဝင်ခြင်းကြောင့် ကိုယ်ခံအားစနစ်ကို အကောင်းဆုံးတိုးတက်အောင် လုပ်ဆောင်ပေးပါတယ်။ နာတာရှည်ရောဂါတွေကို ပျေက်ကင်းစေပါတယ်။ အရေပြားဆဲလ်တွေကို ကျန်းမာစေပါတယ်။မုန်ညင်းဖြူကို အလွန်အကျွံစားသုံးမယ်ဆိုရင် သွိုင်းရွိုက်လုပ်ငန်းတွေ ကမောက်ကမ ဖြစ်စေပါတယ်။မုန်ညင်းဖြူကို အစိမ်းမစားကြဖို့ တိုက်တွန်းထားပါတယ်။အားလုံးကျန်းမာကြပါစေ။ 

Source : ma aye thi mon 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။