မောင်တို့ ..မယ်တို့ ..အနေနဲ့ လူငယ်သဘာဝ ချိန်းဆိုတွေ့ဆုံခွင့် အပြည့်အဝ ကိုယ်စီရှိပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်ရတဲ့သူကို လူသူ အသွားအလာပြတ်တဲ့ ချုံကြို ချုံကြားနေရာတွေမှာ ခေါ်မသွားသင့်ဘူး..။ ချုံတိုးပြီး ချိန်းတွေ့တဲ့ စုံတွဲအချစ်က ချုံတိုးစုံတွဲအချစ်ဘဲဖြစ်မယ် ..။ ကိုယ့်ချစ်သူကို ကိုယ်တန်းဘိုးထား မြတ်နိုးရာမရောက်ဘူး..။ အချစ်အကြောင်းကို စဉ်းစားလာကြပြီဆိုရင် လူကြီးလူကောင်း ဆန်ဆန် အိန္ဒြေရရ ချိန်းတွေ့ကြပါ။ ရပါ၏ ။

နောက်ပြီး မောင်တို့ မယ်တို့ဟာ ..တိုင်းပြည်ရဲ့ အနာဂါတ်ကြယ်ပွင့်များဖြစ်တာကြောင့် အခုကတည်းက အဆင့်အတန်းရှိရှိ တွေးခေါ်မျှော်မြင်တတ်တဲ့ အလေ့အဓကောင်းများကို မွေးမြုလေ့ကျင့်ကြရမယ် ..။ ကိုယ့်ဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်ပြီး ချုံတိုးလို့ ချိန်းဆိုတွေ့ကြတဲ့ အတန်းအစားထဲမှာ မောင်တို့ မယ်တို့ မပါစေချင်ဘူး ..။ ချုံတိုးပြီး စုံဖက်သွားတဲ့ အတွဲဆိုတာ ဘယ်တော့မှ တည်တန့်သွားတယ်ဆိုတာ မရှိဘူး..။ ဘာကြောင့်လဲဆိုတော့ … နှစ်ဦး နှစ်ဘက်စလုံးဟာ ချုံမြင်လျင် တိုးချင်ကြလို့ဘဲဖြစ်တယ် ..။

အဲ့ဒီလို ချုံမြင်တိုး စုံတွဲတွေကို ပစ်မှတ်ထားပြီး လူသတ် လုယက်နေတဲ့ ဒုစရိုက်သမားများရှိနေတယ်။ တက္ကသိုလ်စုံတွဲများကို ဓားထောက် တိုက်ခိုက်ပြီး ပစ္စည်းလုယက်မှုများကြောင့် ကျောင်းသားအချို့ အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိတယ်။ ၂၀၀၂ တုန်းက မုံရွာ နန္ဒဝန်ရပ်ကွက် စည်သူလမ်းမှာ တစ်မှုဖြစ်ခဲ့တယ်။ အသက်မသေဘဲ နာကျင်ဒဏ်ရာရခဲ့တဲ့ စုံတွဲများကတော့ မကြာ မကြာဘဲ ..။

မိတ္ထီလာ တက္ကသိုလ်စုံတွဲဆို ကောင်လေးဖြစ်သူက အသက်ဆုံးခဲ့တယ်၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ မန္တလေးတောင် စုံတွဲများကတော့ ပစ္စည်းတွေပါပြီး လူတွေက နာလို့ကျန်ခဲ့တယ်..။ အဲ့ဒီလို စုံတွဲလုယက်မှုဖြစ်စဉ်တွေ မုံရွာလည်း ၂၀၁၆ ထဲမှာ နှစ်မှုဖြစ်ခဲ့တယ်။ ဖြစ်ပွားခဲ့တဲ့ လုယက်မှု နှစ်မှုလုံးကို ချက်ချင်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်။ မောင်တို့ …မယ်တို့သာ ချုံမတိုးဘူဆိုရင် ဒီလိုပြသနာက ဖြစ်လာစရာ အကြောင်းမရှိဘူး..။ ချုံမြင်တိုး စုံတွဲများဟာ

အမှုအခင်းတွေဖြစ်ပွားပြီဆိုမှာတော့ မဖြစ်မနေ ရဲစခန်းကို ရောက်ရတော့တယ် ..။ ကောင်းကြသေးရဲ့လား ..။ ထိုင်ရှက်ရမဲ့ ကိစ္စက အမှုအခင်းဖြစ်တော့ ထပြီးရှက်ကြရတယ် ..။ ထိုင်ပြီးရှက်ရမဲ့ ကိစ္စကို ထပြီးမရှက်ချင်ဘူးဆိုရင် မောင်တို့ မယ်တို့ ရဲပြောတဲ့စကားကို နားထောင်ပါ .. ချုံမြင်တိုင်း မတိုးကြပါနဲ့။ မောင်ရင်းနှမလို စိတ်သဘောထားပြီး ပြောချင်းဖြစ်တယ် ..။ မောင်တို့ ..မယ်တို့အနေနဲ့ ရဲစကားကိုနားထောင်ပေးရင် .. ရဲစခန်းကို လာစရာမလိုဘူး …။

အခုလို အချိန်ကုန်ခံ ..ငွေကုန်ခံ ပြောပြတာဟာ မောင်တို့ မယ်တို့ကို ချစ်လို့ပြောတယ် မှတ်ပါ .. ဒါဘဲ

ရဲအုပ် ရဲအောင်

စခန်းမှူး မုံရွာနယ်မြေ ရဲစခန်း

တက္ကသိုလ်စုံတွဲများ ပြစ်မှုကျူးလွန်ခြင်း မခံရစေရန် ၂.၁.၂၀၁၇ ရက်နေ့က မုံရွာနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များမှ စုံတွဲများရှိရာ သွားရောက်၍ မှုခင်းကျဆင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေပုံ ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။