အင်္ဂလန်နိုင်ငံရှိ လန်ဒန် မြို့တော်မှာ စက်ဘီးတွေကို အဖြူရောင်ဆေးသုတ်ထားပြီး နေရာအနှံ့အပြားမှာ ထားရှိထားတာကို တွေ့ရပါတယ်။ ဒီလို အဖြူရောင်သုတ်ထားတဲ့ စက်ဘီးကို တော့ သူတို့နိုင်ငံမှာ Ghost Bike ( သရဲစက်ဘီး) လို့ ခေါ်ကြပါတယ်။ အခုလို အဖြူရောင်စက်ဘီးလေးတွေကို ထားရှိရတဲ့ အကြောင်းရင်းရှိပါတယ်။ 

အကြောင်းရင်းကတော့ စက်ဘီးနှင့် ကားတိုက်မိသွားတဲ့နေရာကို အရင်တုန်းက သတိပေးစာလေးပဲ ထားထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ စက်ဘီးချစ်သူအဖွဲ့အစည်းကနေ အစိုးရကို တောင်းဆိုခဲ့လို့ စက်ဘီးမတော်တဆဖြစ်ပြီး သေဆုံးသွားသူတွေရဲ့ နေရာမှာ သူတို့ရဲ့ စက်ဘီးကို အမှတ်တရအဖြစ် ထားရှိပေးထားတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စက်ဘီးမတော်တဆမှုမှာ သေဆုံးသွားသူရဲ့ ဝိဉာဉ်ဟာ မကျွတ်မလွတ်ဖြစ်ပြီး အနီးအနားက အိမ်တွေကို အနှောင့်အယှက်ဖြစ်အောင် ခြောက်လန့်မယ်ဆိုရင်တော့ ဒီစက်ဘီးကို လူနေအိမ်တွေတွေနဲ့ ခပ်လှမ်းလှမ်းမှာ ထားမှာပဲ ဖြစ်ပါတယ်။အခုလို ထူးဆန်းတဲ့ ဓလေ့ကို ဒက်ချ်လူမျိုးတွေက စတင်ခဲ့တာဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာ ယခုအချိန်အထိ ကျင့်သုံးနေတာလဲ ဖြစ်ပါတယ်။ 

အဆိုပါ အကြောင်းအရာကို ပရိတ်သတ်ကြီး ဗဟုသုတ ရရှိစေရန် တင်ဆက်ပေးလိုက်ပါတယ်။နောက်လည်း ဒီ့ထက် ကောင်းတဲ့ အကြောင်းအရာများကို တင်ဆက်ပေးဦးမှာမို့ စောင့်မျှော် ဖတ်ရှုကြပါဦးနော်။အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။