အောင်ထက်ကတော့ နှတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားလာခဲ့တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ကြမ်းတမ်းတဲ့ဘဝတွေကိုကျော်ဖြတ်ပြီး ယခုလိုအောင်မြင်တဲ့အဆိုတော်တစ်ဦးဖြစ်အောင် ကြိုးစားခဲ့ရတာကိုလည်း

ပရိသတ်အသိပဲလို့ထင်ပါတယ်။ယခုအခါမှာတော့ အဆိုတော်အောင်ထက်ဟာ ငပလီကမ်းခြေမှာအပန်းဖြေနေတယ်လို့သိရပါတယ်။

အောင်ထက်ကတော့ သီချင်းအမျိုးအစား စုံလင်စွာ သီဆိုခဲ့သူတစ်ယောက်ဖြစ်ပြီး ကောင်းမွန်တဲ့သူရဲ့အသံပါဝါကြောင့်

ပရိသတ်အားပေးမှုများစွာရရှိလာခဲ့သူလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာဆိုရင်လည်း ပရိသတ်တွေအတွက် သီချင်းကောင်းတွေ

ဆက်လက်သီဆိုသွားဖို့ရှိတယ်လို့လည်းသိရပါတယ်။

လတ်ရှိမှာတော့ ငပလီကမ်းခြေမှာအပန်းဖြေနေပြီး သူရဲ့လူမှုကွန်ယက်ကနေ ဓာတ်ပုံလေးတွေတင်ထားတာကိုပရိသတ်တွေအတွက်

တင်ပြပေးလိုက်ရပါတယ်။ကြည်နူးစရာကောင်းတဲ့ အောင်ထက်ရဲ့ ငပလီခရီးကတော့ ပျော်စရာကောင်းမယ်ဆိုတာတော့အမှန်ပါပဲ။

ပရိသတ်တွေအနေနဲ့လည်း ခရီးသွားနေတဲ့ အောင်ထက်အတွက် စကားလက်ဆောင်ပါးခဲ့ကြပါအုံးနော်.........

သတင်းအရင်းအမြစ်-အောင်ထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။