Panasonic ကုမ္ပဏီဟာ သူတို့ရဲ့ ဈေးကွက်အတွင်း နောက်ထပ်ထိုးဖောက်မယ့် Eluga L7 စမတ်ဖုန်းကို ဈေးကွက်အတွင်း စတင်မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနန်းကိုတော့ ရူပီး ၆၄၉၉ ကျပ်သတ်မှတ်ထားပြီး အိန္ဒိယနိုင်ငံမှာ၇ှိတဲ့ Flipkart ဆိုတဲ့ ဆိုင်တစ်ဆိုင်တည်းမှာပဲ ရောင်းချမှာ ဖြစ်တယ်လို့ လည်း သိရပါတယ်။ မြန်မာငွေဈေးနှုန်းနဲ့ တွက်ကြည့်လိုက်မယ်ဆိုရင်တော့ တစ်သိန်းကျော် ကျသင့်မှာပဲ ဖြစ်ပါတယ်။  

ဈေးချိုချိုသာသာနဲ့ မျက်နှာပြင်ပြည့် စမတ်ဖုန်းတွေကို အသုံးပြုချင်တဲ့ သူတွေအတွက်တော့ အထူးသင့်တော်မယ့် ဖုန်းလေးပဲ ဖြစ်ပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၅.၄၅ လက်မ ဖြစ်ပြီးမျက်နှာပြင် အရည်အသွေးမှာ HD+ ဖြစ်ပါတယ်။ Resolution အရပြောရရင် 1440x720px ဖြစ်ပါတယ်။ octa-core MTK6737H SoC မောင်းနှင်မှာပါ။ 2GB RAM , 16GB Internal Storage များထည့်သွင်းထားပြီး 128GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ 

အရွယ်အစား ကြီးမားတဲ့ 4000mAh Battery ထည့်ပေးထားပြီး Android 7.0 Nougat ထည့်သွင်းထားပါတယ်။ Trusted Face Recognition နဲ့ Trusted Voice နည်းပညာများ ပါပြီးဖုန်းကင်မရာကိုမျက်နှာမူခြင်း၊ စကားပြောခြင်းဖြင့် ဖုန်းကို Unlockလုပ်နိုင်ပါ တယ်။ Panasonic ရဲ့ ဉာဏ်ရည်တုနည်းပညာ ဖြစ်တဲ့ Arbo Hub လည်းပါပါတယ်။ အပြာ၊ အနက်နဲ့ ရွှေရောင်များရွေးချယ်နိုင်ပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။