ပရိသတ်အချစ်တော် ပရဟိတသရုပ်ဆောင်မင်းသားကြီး ဦးကျော်သူကတော့ လက်ရှိပရဟိတလုပ်ငန်းတွေထဲက စာပေဟောပြောမှုတွေကို အဓိကလုပ်ဆောင်နေကြောင်း သိရပါတယ်။ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပေမယ့် ပရဟိတလုပ်ငန်းတွေမှာ လစ်ဟာသွားခြင်းမရှိအောင် တာဝန်ယူနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။  

လက်တလော မြန်မာပြည်အထက်ပိုင်းဘက်တွင်ကိုသွားရောက်ပြီး စာပေဗဟုသုတတွေမျှဝေပေးနေကြောင်း သိရပါတယ်။ ယခင်က မြန်မာပြည်အောက်ပိုင်းရှိ ဧရာဝတီတိုင်းဒေသ ကျုံပျော်မြို့၊ ပန်းတနော်မြို့၊ လပ္ပတ္တာမြို့နှင့် မြန်မာပြည်အထက်ပိုင်း မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တို့တွင်စာဟောပြောမှုများပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့ ပရဟိတမင်းသားကြီး ဦးကျော်သူကတော့ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြင်းဆည်ရွာတွင်သွားရောက် ဟောပြောမှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

အလှူတွေထဲမှာ အမွန်မြတ်ဆုံးအလှူတစ်ခုဖြစ်တဲ့စာပေအလှူတစ်ခုကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ ဟောပြောမှုနှင့်ပတ်သက်ပြီး ဦးကျော်သူရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင်လည်း "စစ်ကိုင်းတိုင်းရှိ ခုနှစ်အိမ်ရွာတန်းအုပ်စု မြင်းဆည်ရွာ ပရဟိတဟောပြောပွဲအားကျွန်တော်နှင့်ညီဂျော် ယမန်နေ့ညကအောင်မြင်စွာပြီးစီးခဲ့ပါသည်။" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ချစ်ပရိသတ်များအတွက် စစ်ကိုင်းစာပေဟောပြောပွဲမှ ဦးကျော်သူရဲ့ အမှတ်တရဓာတ်ပုံများနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Source - Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။