မြန်မာနိုင်ငံသည် ၄ ရက်နေ ့ ဇန်နဝါရီလ ၁၉၄၈ ခုနှစ် နံနက် ၄ နာရီ မိနစ် ၂၀ တွင် ဗြိတိသျှအစိုးရထံမှ လွတ်လပ်ရေးရရှိကာ `လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ´ ဖြစ်လာပါသည်။

နံနက် ၄ နာရီအချိန်တွင် တိုင်းပြု ပြည်ပြု မျက်နှာစာရှိ အလံတိုင်ရှိရာ မြက်ခင်းပြင်သို ့ ယာယီသမ္မတ စဝ်ရွှေသိုက် ရောက်ရှိလာခဲ့ပါသည်။ သူနှင့်အတူ ကိုယ်ရံတော်ဗိုလ်များဖြစ်သော ကာနယ်မြင့်သိန်း - ကာနယ်ထင်စီတို ့အပြင် အတွင်းဝန် ဦးရွှေဘော် - အိမ်တော်ဝန် ဦးစံဖေတို ့ လိုက်ပါလာခဲ့ကြသည်။ ယာယီဝန်ကြီးချူ ပ် - ယာယီပါလီမန် လွှတ်တော်ဥက္ကဋ္ဌ - ယာယီဝန်ကြီးများလည်း တက်ရောက်ကြပါသည်။ ၎င်းပြင် တိုင်းမင်းကြီးများ - ရာထူးဝန်အဖွဲ ့ဥက္ကဋ္ဌနှင့် အဖွဲ ့ဝင်များ- နိုင်ငံခြားအထူးသံတမန်များ- ရာဇဝတ်တရားသူကြီးများ စုရုံးရောက်ရှိခဲ့ပါသည်။

စည်တော်ရွမ်းလိုက်ချိန်တွင် နိုင်ငံတော်ယာယီသမ္မတ စဝ်ရွှေသိုက်သည် အဆောင်အယောင်များဖြင့် ဆင်ဝင်ရှေ ့သို ့ ထွက်လာခဲ့ပါသည်။ ထို ့နောက် စည်တော်ရပ်သွားပြီး ကရင်အမျိူ းသားတပ်၏ ဘင်ခရာသံနှင့်အတူ သမ္မတက ဗမာ့တပ်မတော်- ဗမာ့ရေတပ်- ဗမာ့လေတပ်- သောင်းကျန်းမှုနှိမ်နင်းရေးတပ်- ဗမာ့လက်နက်ကိုင် ပုလိပ်တပ်ဖွဲ ့တို ့အား တစ်တပ်ပြီးတစ်တပ် လိုက်လံစစ်ဆေးခဲ့သည်။ ထိုအချိန်ထိ အလံတိုင်ထိပ်မှ ယူနီယံဂျက်အလံသည် ဆောင်းလေကြောင့် တဖျပ်ဖျပ် လှုပ်ရှားနေဆဲဖြစ်သည်။

နံနက် ၄ နာရီ ၁၉ မိနစ်တွင် ပရိသတ်အားလုံး ငြိမ်ကြရန် မီးရောင်အချက်ပေးပါသည်။ အလံတိုင်၏ အရှေ ့ဘက်နှင့် အနောက်ဘက်တွင် အသီးသီးရပ်နေကြသော ဗာမင်ဟမ်စစ်သင်္ဘောမှ အရာရှိနှစ်ဦးနှင့် ဗမာ့ရေတပ်မတော်မှ အရာရှိနှစ်ဦးတို ့က အခါတော်ပေး အမြောက်သံကို နားစွင့်နေကြသည်။ နံနက် ၄ နာရီ မိနစ် ၂၀တိတိတွင် ရန်ကုန်မြစ်ဆိပ်၌ ဆိုက်ကပ်ထားသော ဗာမင်ဟမ်စစ်သင်္ဘောမှ အမြောက်ပစ်ဖေါက် အချက်ပေးလိုက်ပါသည်။ ထိုအခါမှ ဘင်ခရာတပ်ဖွဲ ့က စတင်တီးမှုတ်လိုက်သည်။

ယူနီဂျက်အလံက တဖြည်းဖြည်း တိုင်ထိပ်မှ ကျလာသည်။ အင်္ဂလိပ်ဘုရားရှိခိုးကျောင်းများမှ ခေါင်းလောင်းသံများ - ဥသြဆွဲသံများ ဆူညံသွားခဲ့ပါသည်။ သေနတ်ပစ်ဖေါက်သံ - ဗြောက်အိုးဖောက်သံများနှင့်အတူ ကောင်းကင်ပြင်တစ်ခုလုံး မီးရှူ းမီးပန်းများဖြင့် လင်းထိန်သွားပါသည်။ ယူနီယံဂျက်အလံကို ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

ဗြိတိသျှအစိုးရ၏ ယူနီယံဂျက်အလံကို ချလိုက်သည်နှင့် တစ်ပြိုင်နက် ဗမာ့ရေတပ်မှ စောချစ်စိန်က ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်သို ့ကြိုးဖြင့် ဆွဲတင်လွှင့်ထူလိုက်ပါသည်။ ထိုစဉ် စစ်တီးဝိုင်းမှ မြန်မာနိုင်ငံတော်သီချင်းကို တီးမှုတ်ပေးနေပါသည်။ အလံတော် တိုင်ထိပ်သို ့ ရောက်သည်နှင့် တစ်ပြိုင်နက် ပုဏ္ဏားတော်များက ခရုသင်း မှုတ်လိုက်ကာ မင်းပရိသတ်အပေါင်းက မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။ စည်တော်ကလည်း ရွမ်းလျက် ရှိနေသည်။ (ဆက်ပါဦးမည်)

ရေးသားသူ - ကိုအောင်ကျော်မိုး

ကိုးကား - တင်နိုင်တိုး ရေး ဆောင်းပါးတစ်ပုဒ်…

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။