ချစ်စရာကောင်းတဲ့ ကလေးသရုပ်ဆောင်လေးအဖြစ် ပရိသတ်တွေချစ်ရတဲ့ မိန်းကလေးငယ်လေးကတော့ သရုပ်ဆောင် ယွန်းယွန်းပါပဲ။အနုပညာလောကထဲကို ကလေးဘဝလေးထဲက ခြေချခဲ့သူ ယွန်းယွန်းဟာ အရွယ်နဲ့မလိုက်အောင် သရုပ်ဆောင်ပီပြင်လွန်းတာမို့ အကယ်ဒမီဆုကိုလည်း ဆွတ်ခူးရရှိထားတာဖြစ်ပါတယ်။

လက်တလောမှာတော့ အပျိုကြီးဖားဖားအရွယ်ရောက်နေပြီဖြစ်တဲ့ ယွန်းယွန်းတစ်ယောက် သူမရဲ့ တစ်နေ့တာအမှတ်တရလှုပ်ရှားမှုပုံလေးတွေကို လူမှုကွန်ရက်ကနေ အမြဲမပြတ် ပရိသတ်တွေဆီမျှဝေပေးလေ့ရှိပါတယ်။

ယွန်းယွန်းကတော့ မနေ့က ဧပြီလ(၂၅)ရက်နေ့ မှာ သူမလေးစားအားကျရတဲ့ ရုပ်ရှင်လောကရဲ့အထင်ကရပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပုံရပါတယ်။ သူမဟာ အသက်(၉၀)ကျော်နေပြီဖြစ်တဲ့ ဘဘဘိုကလေးတင့်အောင်နဲ့ ဆုံခိုက်မှာ အမှတ်တရဓာတ်ပုံလေးအတူတွဲရိုက်ခဲ့ပြီး ဘဘနဲ့ပတ်သက်ပြီး သူမရဲ့ခံစားချက်လေးကိုပါ မျှဝေရေးသားခဲ့ပါတယ်။

“အသက် ၁၀၀ပြည့်ဖို့ ၄နှစ်ပဲလိုတော့ပေမယ့်...

တွေ့လို့နှုတ်ဆက်တဲ့အခါတိုင်း ကိုယ်ဘယ်သူလဲဆိုတာ မှတ်မိပေးလို့ ပျော်လဲပျော်တယ်.. အံ့လဲအံ့ဩမိတယ်..

ဖိုးဖိုး ဗိုလ်ကလေးတင့်အောင် နေကောင်းကျန်းမာပြီး အသက်ရာကျော်ရှည်ပါစေ” ဆိုပြီး တင်ခဲ့ပါတယ်။

မြန်မာဝတ်စုံအနီရောင်လေးဝတ်ဆင်ထားတဲ့ ယွန်းယွန်းတစ်ယောက် ဆံပင်ရှည်လေးနဲ့ ဘယ်လောက်တောင်ယဉ်ကျေးသိမ်မွေ့ပြီး ချစ်ဖို့ကောင်းနေလဲဆိုတာ ပရိသတ်ကြီး တွေ့မိမှာပါ။

တက္ကသိုလ်ကျောင်းသူလေး ယွန်းယွန်းဟာ အနုပညာသာမက ပညာရေးမှာပါ ထူးချွန်တဲ့ အနုပညာရှင်လေးမို့ သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေလည်း များနေတာပါ။  

Source : Yoon Yoon 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။