"ဇနီးနဲ့ သမီးတွေရဲ့ လုံခြုံရေးအတွက် စိတ်ပူမိတယ်" ဆိုတဲ့ လွင်မိုး

သရုပ်ဆောင်လွင်မိုးက ဟိုတယ်ဆောက်ရန် ကျိုက်ထိုတွင် မြေကွက်တစ်ကွက်ဝယ်ခဲ့ပြီး ယခုအခါ ၄င်းမြေကွက်နဲ့ ပတ်သက်ပြီး အရှုပ်ရှင်းတွေကိုလည်း

ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး လွင်မိုးက ဇန်နဝါရီလနှစ်ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကိုကျော်သူရလှိုင် ပိုင်ဆိုင်တဲ့ မြေနေရာကို သရုပ်ဆောင် လွင်မိုးက ငွေကျပ် သိန်း ၃,၉၅၀ ဝယ်ယူထားတာ ဖြစ်သော်လည်း ကြားထဲတွင် နောက်ထပ် လူတစ်ဦးဖြစ်တဲ့ ကိုအောင်စိုးသူဟာ ပေါ်လာကာ ယင်းခြံကို ပိုင်ဆိုင်ကြောင်း ပြောဆိုလာတယ်လို့ သိရပါတယ်။ ယင်းကိစ္စတွေနဲ့ ပတ်သက်ပြီး ခြံပိုင်ရှင် ကိုကျော်သူရလှိုင်က ဖြေရှင်းပေးထားသော်လည်း လွင်မိုး ပြည်ပသို့ သွားနေချိန်မှာ ကိုအောင်စိုးသူဆိုတဲ့ သူက ခြံများ ဝင်ခက်သွားပြီး ဖြစ်လာတဲ့ ပြဿနာတွေကိုလည်း လွင်မိုးကို ခေါင်းတည်ကာ ပြောဆိုနေတယ်လို့သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ ပြဿ နာတွေနဲ့ ပတ်သက်ပြီး လွင်မိုးက "ဒီခြံဟာ သူပိုင်ဆိုင်ကြောင်း ထို့ခြံ ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်ကိုလာရောက် ရှင်းလင်းပါရန် ဆိုတဲ့ အကြောင်းကြားစာ ရောက်လာ ပါတယ်။ဆိုးတာက စာရဲ့ အောက်ဆုံးမှာ ဦးစောနေဗလူ KNUလက်နက်နဲ့ ငြိမ်းချမ်းရေး အဖွဲ့ ပါလာတာမို့ ကျွန်တော် ကိုကျော်သူရလှိုင် ကိုပြောတဲ့ အခါ သူက ဖြေးရှင်း ပေးနိုင်ကြောင်းဆိုပါတယ် ။ ကျွန်တော်ဘက်က သူတို့ကို ကိုယ့်ထိလက်ရောက် ဘာတစ်ခုမှာ မလုပ်ခဲ့ပါဘူး။ ပြန်ပေး ဆွဲဆိုတာတွေလဲ မလုပ်ခဲ့ပါဘူး ။ ကျွန်တော် BGF(နယ်ခြားစောင့်တပ် )နဲ့ ပူးပေါင်းပြီးလဲ ဘာမှာ မလုပ်ခဲ့ပါဘူး ။ အခုလို စွတ်ဆွဲချက်တွေ နဲ့ပတ်သက်ပြီး သူတို့ဘက်က တရားစွဲတိုင်ကြားထားတာတွေရှိပါတယ်။ ပြည်နယ်အလိုက် မြို့အလိုက် ဆက်သွယ်ရေးရုံးတွေလည်း မေးမြန်းနိုင်ပါတယ် " လို့ လွင်မိုးက ပြောပြထားပါတယ်။

သရုပ်ဆောင် လွင်မိုးဟာ ဒီကိစ္စနဲ့ပတ်သတ်ပြီး အတော်လေးစိတ်ရှုပ်နေရသလို ဇနီးနဲ့ သားသမီးတွေရဲ့ အသက်အန္တရာယ်ကိုလည်း စိုးရိမ်မိတယ်လို့ ဆိုပါတယ်………

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။