နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အလင်းရောင်တစ်ယောက် ငပလီမှာ အပန်းဖြေနေ တာပဲဖြစ်ပါတယ်။ ရေကူးကန်ထဲက အမိုက်စား ပုံရိပ်တွေ က နှုတ်ခမ်းနီမလေးတွေရဲ့ စိတ်အာရုံကို အပြတ်အသတ်ဆွဲဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အမိုက်စားဘော်ဒီနဲ့ ချောမော တဲ့ ရုပ်ရည် ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံမှုကို အပြည့်အဝရရှိထားသူလည်းဖြစ် ပါတယ်။ " ရွှေကြာ " ဆိုတဲ့ဇာတ်ကားမှာလည်း ခေါင်းဆောင် မင်းသားအဖြစ်နဲ့ ပါဝင်ခဲ့ပြီး ပရိတ်သတ်တွေကလည်း အပြတ်အသတ်အားပေးကြမ်းခဲ့ကြတာဖြစ်ပါတယ်။

မော်ဒယ်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး လက်ရှိမှာတော့ သရုပ်ေ ေဆာင်မင်းသားအဖြစ်နဲ့ ဆက်လက်လျှောက်လှမ်းနေတာ ပဲဖြစ်ပါတယ်။ လက်ရှိမှာ တော့ အလင်းရောင်တစ်ယောက် ငပလီကမ်းခြေကိုရောက်ရှိနေတာဖြစ်ပြီး ရေကူးကန်ထဲ မှာ အမိုက်စားပုံရိပ်တွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကျောအထက်နားက အမိုက်စား တက်တူးလေးကလည်း တကယ်ကိုလန်းလွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။

ငပလီကိုရောက်ပြီးမကြာခင်မှာပဲ " ဖျားပြီ " ဆိုတဲ့ စာလေးကိုတင်လိုက်တာပဲဖြစ်ပါတယ်။ ဒီနောက်မှာတော့ ရေကူးကန်ထဲက အမိုက်စားပုံရိပ် တွေကို " ဖျားနေတယ် ဒါမဲ့ ရေထဲဆင်း တယ် so what ? " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်နဲ့ ချော မောတဲ့ ရုပ်ရည်လေးကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေတဲ့ မင်းသားချော အလင်းရောင်ရဲ့ အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - Alinnyaung Light's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။