မုဒြာခေါ်သံဆိုတာ အခက်အခဲတွေကြားထဲက အောင်မြင်ခဲ့တဲ့ မြန်မာရုပ်ရှင်ကားကောင်း တစ်ကားပါ။အခု မုဒြာခေါ်သံကို ပြန်လည်ရုံတင်ခဲ့ချိန်မှာလည်းပရိသတ်တွေက ရိုးမသွားသေးဘဲ ထပ်ခါထပ်ခါ အားပေးနေကြပြန်ပါတယ်။ပရိသတ်တွေအတွက် စေတနာထားတဲ့ မုဒြာအဖွဲ့သားတချို့ ပရိသတ်တွေအတွက် ပျော်ရွှင်သွားအောင်Surprise Pop Up အစီအစဉ်တစ်ခုကို ထပ်မံ ပြုလုပ်ခဲ့ကြပါတယ်။ဒီတစ်ခေါက် Surprise Pop Up က တာမွေ JCGV မှာပါ။

အခုတခါမှာတော့ မင်းသားချော ဇန်ခီ နှင့် ဇနီးဖြစ်သူ ဒါရိုက်တာ ခရစ္စတီးနားခီတို့အပြင် မင်းသမီးလှယဉ်ကေးျလည်းပါဝင်လာပါတယ်။ Surprise Pop up အစီအစဉ်ကို တာမွေ JCGV ရုပ်ရှင်ရုံမှာ ဒုတိယအကြိမ်ပြုလုပ်ခဲ့တဲ့အကြောင်း Mudras Calling Page ရဲ့ဖော်ပြချက်ကို ခရစ္စတီးနားခီ သူမရဲ့Facebook စာမျက်နှာ က တဆင့် ပြန်လည်မျှဝေခဲ့ပါတယ်။ အမှတ်တမဲ့ ကနေ အမှတ်တရဖြစ်သွားကျတဲ့ မုဒြာခေါ်သံပရိသတ်တွေကတော့ အခုတခါမှာလည်း အားတက်သရော ဓါတ်ပုံရိုက်ကြ ၊ Selfie တွေ ဆွဲကြနဲ့ အပြေးအလွှား အလုပ်တွေရှုပ်သွားကြလေရဲ့ ။ Surprise Pop up ရဲ့ ဒုတိယတစ်ခေါက် အမှတ်တရပုံလေးတွေကတော့ ဒီလိုလေးတွေပါတဲ့။ 

မုဒြာခေါ်သံအဖွဲ့သားတွေကတော့ အစဉ်တစိုက် ချစ်ခင်ပြီးအားပေးပြီး အရမ်းချစ်ပေးကြတဲ့အတွက် အရမ်းကိုကျေနပ်ပီတိဖြစ်နေပါတယ် ။ ဆက်လက်ပြီးအားပေးဝန်းရံကြပါဦးနော်လို့ Mudras Calling Page ကနေ ဖော်ပြထားပါတယ်။ကားပေါ်ရောက်ပြီးမှ ပြန်ဆင်းလာပြီး ဓာတ်ပုံရိုက်ပေးခဲ့လို့ ကျေးဇူးတင်ရပါတယ် ဆိုပြီး ပရိသတ်တစ်ယောက်ရဲ့မှတ်ချက်ကိုလည်းတွေ့ရပါတယ်။ ပရိသတ်ကြီးရေ မုဒြာအဖွဲ့သားတွေရဲ့ ဒီအမှတ်တရလးကို တခြားလူတွေသိအောင်မျှဝေပေးပါဦးနော်။

Source - Christina Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။