အဆိုတော်ဖြိုးလေးနဲ့ အဆိုတော် သရုပ်ဆောင်မင်းသမီးချောလေး ဝါဆိုမိုးဦးတို့ ချစ်သူစုံတွဲလေးကတော့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို အပန်းဖြေအလည်အပတ်ရောက်ရှိနေတာ တွေ့ရပါတယ်..။

ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ကြည်နူးသာယာတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးထဲမှာ ဖြိုးလေးနဲ့ ဝါဆိုတို့စုံတွဲလေးကလည်း တစ်တွဲအပါအဝင်ပါပဲ..။

အင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းကို အလည်အပတ်ရောက်ရှိနေတဲ့ သူတို့စုံတွဲလေးရဲ့ ကြည်နူးစရာအပန်းဖြေပုံရိပ်လေးတွေကိုတော့ မင်းသမီးချောလေးဝါဆိုက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။

“Day 1 bali မှာ လျောက်လည်ခဲ့တဲ့နေရာလေးတွေပါ..” ဆိုပြီး သာယာလှပလွန်းတဲ့ ဘာလီရဲ့ရှုခင်းတွေနဲ့အတူ ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပါ..။

လိုက်ဖက်ညီလွန်းလှတဲ့သူတို့စုံတွဲလေးကတော့ ကမ္ဘ့ာလည်ပတ်စရာနေရာတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒိုရှားနိုင်ငံ ဘာလီကျွန်းကို ပြီးခဲ့တဲ့ဧပြီလ(၂၄)ရက်နေ့က အပန်းဖြေရောက်ရှိနေတာ ဖြစ်ပါတယ်..။

လတ်တလောမှာတော့ ဘာလီမှာ အပန်းဖြေဓာတ်ဖမ်းခဲ့ကြတဲ့ သူတို့စုံတွဲလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဖြိုးလေး၊ ဝါဆို fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။