အမေရိကန်နိုင်ငံ မှာရှိတဲ့ အိမ်ခြေယာမဲ့တွေအတွက် New Story နဲ့ 3D Printing Company တစ်ခု ဖြစ်တဲ့ ICON တို့ ပူးပေါင်းပြီး တစ်ရက်အတွင်း အိမ်တစ်လုံးကို အပြီးတည်ဆောက်နိုင်တဲ့ 3D Printer ကိုတီထွင်လိုက်ပြီပဲ ဖြစ်ပါတယ်။ အဆိုပါ Printer ဟာ ဒေါ်လာ ၄၀၀၀ သာတန်ဖိုးရှိ တယ်လို့ လည်း သိရပါတယ်။ 

အဆိုပါ နေအိမ်ရဲ့ အကျယ်အဝန်းဟာ စတုရန်းပေ၆၀၀ကနေ၈၀၀လောက် ကျယ်ဝန်းပါတယ်။ ဒီနည်းပညာကို South by Southwest နည်းပညာပြပွဲမှာ မိတ်ဆက်ပြသခဲ့တာလည်း ဖြစ်ပါတယ်။ ယခုနည်းပညာ ဟာ ကမ္ဘာ့ပထမဆုံး နည်းပညာ မဟုတ်ပါဘူး ။ သူ့အရှေ့မှာ ApisCor Company ဟာအလားတူ အရာဝတ္ထုများကိုသာအသုံးပြုပြီးဒီထက် ကြီးမားတဲ့ အိမ်တစ်လုံးကို ၂၄ နာရီအတွင်းတည်ဆောက်ပြခဲ့ပါတယ်။

ICON ရဲ့ ပူးတွဲတည်ထောင်သူ Jason Ballard က သူတို့ရဲ့ 3D Printer ကိုလူနှစ်ယောက်ထဲနဲ့တောင် ပြောင်းရွှေ့နိုင်တယ်လို့ ပြောပါတယ်။ သူကအဲဒီနေအိမ်ရဲ့ စွမ်းအင် အသုံးပြုမှုနဲ့ သက်သောင့် သက်သာရှိမှုဟာသမားရိုးကျ နေအိမ်များထက် ပိုမိုကောင်းမွန်မယ်လို့ ပြောပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။