လှိုင်သာယာမြို့နယ်ထဲက ထိန်ပင်အမှိုက်ပုံမီးလောင်နေမှုဟာ ယနေ့နဲ့ဆိုရင် ၅ရက်ကျော်ကြာခဲ့ပြီး မီးကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကို ရောက်ရှိခဲ့ပြီပါတယ်။ ဒီမီးလောင်မှုမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)မီးသတ်တပ်ဖွဲ့ က သရုပ်ဆောင်မော်ဒယ် ထွန်းကိုကို တစ်ယောက်လည်း မီးသတ်သမားတွေ နဲ့ အတူ ငြိမ်းသတ်လျက်ရှိပါတယ်။ထွန်းကိုကို တစ်ယောက် မီးလောင်မှုဖြစ်စဉ်မှာ ရရှိလာတဲ့ အတွေးတစ်စကို ကဗျာလေးတစ်ပုဒ်ရေးပြီး သူ့ကိုယ်ပိုင် Facebook စာမျက်နှာကနေမျှဝေခဲ့ပါတယ်။သူ့ရဲ့အတွေးတစ်စက ဘာများပါလိမ့်နော်။ 

အမှိုက်ကစ ပြသာဒ်မီးလောင်၊ လူ့ဘောင်လောက အကျည်းမတန်ရဖို့ ၊ ကိုယ်စီကိုယ်ငှ တာဝန်ယူကြမည်တစ်ကိုယ်ရည်မှသည်၊လက်တွဲညီညာဖြင့်၊နေပျော်သာယာ ဝန်းကျင်ကမ္ဘာသို့ ဆိုတဲ့ကဗျာလေးကို ထွန်းကိုကို ကရေးသားခဲ့ပါတယ် ။ ဆက်လက်ပြီး …… အမှိုက်တစ်စကြောင့်ပြသာဒ်တစ်ဆောင်လုံး လောင်မြိုက်နိုင်တဲ့မီးပါ ။အမှိုက်ပဲဆိုပြီး ပေါ့ပေါ့ဆဆ သဘောမထားသင့်ပါဘူး ။ခုဆို အမှိုက်တစ်စက စတင်လိုက်တဲ့မီးဟာ ဧကရာနဲ့ချီတဲ့ အမှိုက်ပုံကြီးကို လှိုက်စားလောက်မြိုက်ခဲ့လို့ ရပ်ကွက်/ မြို့နယ်မှ လေထုညစ်ညမ်းမှု့ကြောင့် အဖိုးမဖြတ်နိုင်တဲ့လူသားတို့ရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်ကာ အသက်ရှင်သန်ရေးကို အနည်းနဲ့အများ ထိခိုက်ခံစားနေကြရပါတယ် ဆိုပြီးဆက်လက်ဖော်ပြထားပါတယ်။ 

ထွန်းကိုကို က အမှိုက်မီးလောင်တဲ့ကိစ္စရပ်ကြီးက ရန်ကုန်မြို့တော်ကြီးတစ်မြို့လုံးတုန်လှုပ်ခြောက်ခြားစေရုံသာမက တိုင်းနိုင်ငံလုံး စိတ်မချမ်းမြေ့ ဖြစ်ကြရပါတယ်၊ဒါ့ကြောင့် ဒါ့ကြောင့် အမှိုက်ကို အမှိုက်ပါဆိုပြီး ပေါ့ပေါ့ဆဆ သဘောမထားကြပဲစနစ်တကျ ထိန်းသိမ်းစွန့်ပစ်ကြပါ၊ တစ်ဦးချင်းတစ်ယောက်ချင်းကစ လိုက်နာဆောင်ရွက်ရင်း အတူပါဝင်ပူးပေါင်းကူညီကြမယ်ဆို သာယာသန့်ရှင်းသော ပတ်ဝန်းကျင်မှာ လူသားအားလုံးနေပျော်ကြမှာပါ ဆိုပြီးသူရဲ့အတွေးတွေကို မျှဝေပေးထားပါတယ် ။ ပရိသတ်ကြီးလည်း ထွန်းကိုကိုရဲ့ အတွေးတစ်မျှင် ကို ပြန်လည်မျှဝေပေးကြပါဦးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။