အဆိုတော်သရုပ်ဆောင် အကယ်ဒမီမင်းသား ထွန်းထွန်းကတော့ သူငယ်ချင်းဖြစ်တဲ့ အဆိုတော်ဝေလျှံရဲ့အမွှာသားချောလေးတွေဆီ အလည်သွားရောက်ခဲ့တယ်လို့ သိရပါတယ်..။

ဝေလျှံတို့ရဲ့ချစ်စရာသားချောလေးတွေဆီအလည်ကိုတော့ ထွန်းထွန်းကသူ့ရဲ့ချစ်သူလေး ဆုစန္ဒီဦးနဲ့အတူ အလည်သွားရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်..။

အမွှာသားချောလေးတွေဆီ အလည်သွားရောက်ခဲ့တဲ့ ချစ်စရာပုံရိပ်လေးတွေကိုတော့ ဝေလျှံက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“Thank you Lay Lay Htin Aung Tun and TT Su Sandi Oo..” ဆိုပြီး အမွှာသားလေးတွေနဲ့အတူ ဆော့မြှူနေတဲ့ ကလေးငယ်လေးနဲ့ထွန်းထွန်းတို့ရဲ့ ချစ်စဖွယ်ကြည်နူးစရာဓာတ်ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာပါ..။

ထွန်းထွန်းကတော့ ဂီတအနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားသလို သရုပ်ဆောင်ပိုင်းမှာလည်း အောင်မြင်မှုအခိုင်အမာတွေနဲ့အတူ အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

အဆိုတော်ဝေလျှံကလည်း ဂီတအနုပညာလောကမှာ တေးသီချင်းကောင်းတွေနဲ့အတူ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

Photo - ဝေလျှံ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။