လက်တလောလူမှုကွန်ယက်မှာတော့ အရမ်းကိုချစ်တက်တဲ့ ကိုကိုသူရိယနဲ့ ချွဲစိန်လေးဆုအိမ်စံတို့စုံတွဲလေး တော့အရမ်းကိုရေပန်းစားနေပါတယ်။သူတို့စုံတွဲလေးကတော့ လက်ရှိမှာဘန်ကောက်ကို ခရီးထွက်နေကြတာ ဖြစ်ပြီးလေဆိပ် မှာချစ်သူကို ရိုမန်တစ်ဆန်ဆန်ခေါ်သွားခဲ့တဲ့ ဗီဒီယိုဖိုင်လေးတွေဟာလည်း ပရိသတ်တွေကြား မှာအရမ်းကို သဘောကျစေခဲ့တာပဲ ဖြစ်ပါတယ်။ 

ဝါသနာတူ၊အနုပညာလုပ်ငန်းလေးတွေကိုတက်ညီလက်ညီလုပ်ကိုင်ကြရင်းတစ်ယောက်ကိုတစ်ယောက်ချစ်ခင် ကြည်နာမှုလေးတွေနဲ့ ဖြတ်သန်းနေကြတဲ့ သူတို့စုံတွဲလေးကတော့ ပရိသတ်တွေအားမကျပဲမနေနိုင်လောက် အောင်ကိုလိုက်ဖက်လွန်းတာပဲဖြစ်ပါတယ်။သူတို့ရဲ့ခရီးသွားပုံရိပ်လေးတွေကိုလည်းလူမှုကွန်ယက်မှာမျှေ၀ ထားပြီး ပရိသတ်တွေကို ပိုပိုပြီးအားကျစေခဲ့ပြန်တာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ချစ်သူနှစ်ယောက်ကမ်းခြေသွားမယ့် ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်မှာတင်ခဲ့တာကြောင့် ပရိသတ်တွေအချစ်ပိုစေခဲ့ပြန်တာပဲ ဖြစ်ပါတယ်။“ကမ်းခြေသွားဖို့နောက်ကျနေတာနဲ့ နှစ်ယောက်သား ဖြစ်သလို လေးစားနေကြတာပေါ့”ဆိုတဲ့စာလေးနဲ့အတူချစ်စရာပုံရိပ်လေးတွေမျှဝေထားတာပဲ ဖြစ်ပါတယ်။ချစ်စရာကောင်း တဲ့သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ဆုအိမ်စံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။