မြန်မာ့အနုပညာလောကရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ယခုနှစ်မှာပဲ ပူပူနွေးနွေး အကယ်ဒမီတစ်ဆု ထပ်မံရရှိခဲ့သူကတော့ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။ ဧပြီလ (၂၄) ရက်နေ့ကတော့ သူမရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပြီး ကျိုက်ထီးရိုးရင်ပြင်မှာ အလှူတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။ မနေ့ညကတော့ နာမည်ကြီး မော်ဒယ်လ် M ဆိုင်းလုရဲ့ instagram မှာ အိန္ဒြာကျော်ဇင်နဲ့အတူ ဗီဒီယိုလေးတွေ ရိုက်တင်ထားပြီး မွေးနေ့ဆုတောင်းစကားလည်း ဆိုထားတာ တွေ့ရပါတယ်။ 

မွေးနေ့ပါတီပွဲကို အိန္ဒြာကျော်ဇင် မေတိုးခိုင် M ဆိုင်လု မေ နဲ့ အဆိုတော် အားတီတို့အပြင် နာမည်ကြီး stylish တွေနဲ့ ခင်မင်တဲ့မိတ်ဆွေတွေရဲ့ ပါဝင်ခဲ့ကြပါတယ်။ ရေးကူးကန်နံဘေး pool party အသေးစားလေး ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး အဆိုတော် အားတီကတော့ သူ့ရဲ့ နာမည်ကြီးတဲ့ "ချစ်နေဖို့" ဆိုတဲ့ သီချင်းကိုလည်း အပျော်သီဆိုခဲ့တာ တွေ့ရပါတယ်။ 

ဒီပွဲလေးမှာတော့ အဆိုတော် အားတီအတွက်ပါ pre birthday cake ခွဲပေးခဲ့တာတွေ့ရပြီး သူ့အတွက်လည်း birthday wish လုပ်ပေးထားတာလေးတွေတွေ့ရပါတယ်။ မော်ဒယ် M ဆိုင်းလု မေ နဲ့ မေတိုးခိုင်တို့ရဲ့ instagram story လေးမှာတော့ ဓာတ်ပုံလေးတွေ တင်ထားတာတွေ့ရပြီး ချစ်ရတဲ့ အူဝဲကို birthday kiss တွေပေးနေကြတဲ့ ဓာတ်ပုံလေးတွေကိုတော့ ပရိသတ်တွေ သဘောကျကြမယ်လို့ ထင်ပါတယ်နော်.....

Photo Source : M Seng Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။