အနုပညာလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်ကြာလျောက်လှမ်းလာခဲ့တဲ့ သရုပ်ဆောင်ကျော်ဇင်ထွဋ်ကတော့ လူ မုန်းများတဲ့ ဇာတ်ကြမ်းတွေနဲ့ဗီလိန်ဇာတ်ရုပ်တွေနဲ့ အရမ်းကိုနာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ရုပ်ရှင်ပိတ်ကားအထက်မှာသာ လူမုန်များတဲ့ ဗီလိန်ဇာတ်ရုပ်တွေက သရုပ်ဆောင်ပေမယ့်လက်တွေ့ ဘဝမှာ တော့ ဘာသားတရားအရမ်းကိုကိုင်းရှိုင်းပြီး မိသားစုအပေါ်တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ပဲဖြစ်ပါတယ်။  

အက်ရှင်၊ဇာတ်ကြမ်းတွေနဲ့ ဗီလိန် ဇာတ်ရုပ်တွေ သရုပ်ဆောင်တဲ့နေရာမှာ အရမ်းကိုအပီပြင်နိုင်လွန်းအောင် သရုပ်ဆောင်နိုင်တဲ့ ထူးချွန်ဇတ်ပို့ သူတစ်ဦးဖြစ်ပြီးသူရူးသွားတဲ့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေရရင်ကို ပျော်ရွှင်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။ဒီနေ့မှာလည်း အနုပညာခြေလှမ်းအသစ်အတွက် ရိုက်ကူးရေးပြုလုပ်နေစဉ် မတော်တဆမှုဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ဇာတ်ဝင်ခန်းတစ်ခုသရုပ်ဆောင်နေစဉ် ကွန်တိန် နာပုံးနဲ့ မျက်နှာဆောင့်မိခဲ့ပြီး ပါးရိုးအက်သွားခဲ့တယ်လို့ စိတ်မကောင်းဖွယ်ကြားသိရပါတယ်။ 

လက်ရှိမှာတော့ ဒဏ်ရာကြောင့် ပါးစပ်မဟနိုင်တော့လို့ ဆန်ပြုတ်လေးပဲ စုပ်သောက်နေရတယ်လို့သိရပါတယ်။ သူအခုလိုဖြစ်ရတာကလည်း မည်သူတစ်ဦးတစ်ယောက် ရဲ့ ပယောဂမှမပါပဲ ကိုယ့်အနုပညာလောဘနဲ့ကိုယ်ခံ ရခြင်းဖြစ်ပါတယ်လို့ လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။ပရိသတ်တွေကလည်းစိတ်မကောင်းဖြစ်နေကြပြီးသူရဲ့ ယောင်ကိုင်းနေတဲ့ဒဏ်ရာတွေအမြန်ဆုံးသက်သာပျောက်ကင်းအောင်ဆုတောင်းပေးနေကြတာပဲ ဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ် - ကျော်ဇင်ထွဋ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။