ပရိသတ်တွေကြား နာမည်ကြီးလှတဲ့ လေယာဉ်မှူးမလေး မေပြည့်စုံအောင်ကတော့ ကိုရီးယားနိုင်ငံကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ သူမဟာ အမျိုးသမီးလေယာဉ်မှူးတစ်ဦးဖြစ်တဲ့အပြင် ချောမောလှပတဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားကြောင့် ပရိသတ်တွေကြား နာမည်ကြီးသူတစ်ဦးလည်း ဖြစ်ပါတယ်။ မကြာခဏဆိုတဲ့ သူမရဲ့ အလှဓာတ်ပုံတွေကို instagram မှာတင်လေ့ရှိပြီး Follower ခြောက်သိန်းနီးပါးခန့် ရရှိထားသူလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုရီးယားကိုရောက်ရှိနေတယ်လို့ သိရပြီး သူမရဲ့ လူမှုစာမျက်နှာထက်မှာလည်း ဓာတ်ပုံလေးတွေ တွေ့ရပါတယ်။ ကိုရီးယားရဲ့ လှပတဲ့ မြို့ပြတွေနဲ့အတူ ရိုက်ကူးထားတဲ့ သူမရဲ့ ဓာတ်ပုံတွေကတော့ ပရိသတ်တွေသဘောကျစေမှာ အသေအချာပါပဲ။ ဒါ့အပြင် ရာသီဥတုနဲ့ လိုက်ဖက်အောင် ဝတ်ဆင်ထားတဲ့ သူမရဲ့ဖက်ရှင်ဟာလည်း တကယ်ကို ဆွဲဆောင်မှုရှိလှပါတယ်။

ဒီနေ့မှာဆိုရင်လည်း သူမရဲ့ instagram မှာ အကျႌအဝါရောင်နဲ့ ဂျင်းစကပ်အတိုကို တွဲဖက်ဝတ်ဆင်ထားပြီး အပေါ်က ပိတောက်ခြောက်ရောင် long coat သဖွယ်ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတစ်ချို့ ရိုက်ကူးထွက်ရှိထားတာတွေ့ရပြီး ပရိသတ်တွေကတော့ သူမအနေနဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်သွားမလားဆိုတာကို စိတ်ဝင်စားနေကြပါတယ်။

Photo Source : May Pyae Sone Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။