ပေါက်စီ လို့ ချစ်စနိုးခေါ်ကြတဲ့ မမအေးသောင်း က Facebook Channel တစ်ခုရဲ့ Live တစ်ခုမှာ ဧည့်သည်တော် တစ်ယောက်အနေနဲ့ သူမရဲ့ အတွေးအမြင်တွေကို ပြန်လည်မျှဝေခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ ထားထက်ထက် (Miss Grand Myanmar) နဲ့ တေးရေး စိမ့် တို့လည်း ပါဝင်ခဲ့ပါတယ်။ ဒီၤစကားဝိုင်းလေးကို ပြုလုပ်ခဲ့တာက တော့ Channel K မှ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီစကားဝိုင်းလေးက World Intellectual Property Day အား ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် Talk Show အစီအစဉ်ဖြစ်ပါတယ်။ 

ဒီအစီအစဉ်မှာ ပါဝင်ခဲ့တဲ့အမျိုးသမီးတွေက သူမတို့ရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှုတွေ ၊ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေ၊ ကျော်ဖြတ်ရခဲ့ရတဲ့ အတွေ့အကြုံတွေ ၊ သင်ခန်းစာတွေကိုမျှဝေခဲ့ကြပါတယ်။ အမျိုးသမီးထုအတွက် ဆောင်ရန်၊ ရှောင်ရန် တွေကိုလည်း သူမတို့ရဲ့အတွေ့အကြုံတွေနဲ့ ချိန်ထိုးဆွေးနွေးခဲ့ကြပါတယ်။ဒီစကားဝိုင်းဆွေးနွေးပွဲမှာ မမပေါက်စီတစ်ယောက် က ဘဝရဲ့အကြီးမားဆုံးပြောင်းလဲမှု တစ်ရပ်ကတော့ အနုပညာလုပ်ငန်း နဲ့ စီးပွားရေးလုပ်ငန်း ပြိုင်တူ တွဲပြီး လုပ်ကိုင်နေရခြင်းပါတဲ့ ။စီးပွားရေးလုပ်ငန်းလုပ်ဖို့ အချိန် (၆) နှစ်လောက်ရင်းနှီးပြီးချိန်မှာ အနုပညာအလုပ်တွေလုပ်ကိုင်ခွင့်ပြန်လည်ရရှိခြင်းက အခွင့်အလမ်းဖြစ်သလို စိန်ခေါ်မှုတွေကို လက်ခံရင်ဆိုင်ခဲ့ရပါတယ် ။ 

မအေးသောင်းက ဝေဖန်တာကို လက်ခံပြီးအပြစ်ပြောတာကို မကြိုက်တဲ့တစ်ယောက်ပါတဲ့ ၊ အလုပ်တစ်ခုကို လုပ်တဲ့နေရာမှာ ကိုယ်ဝါသနာတဲ့အလုပ်ကို ဦးစားပေးပြီး တစိုက်မတ်မတ်လိုက်နိုင်ရင် ယုံကြည်မှုတွေပိုရှိလာပါလိမ့်မယ်တဲ့ ။ ယုံကြည်မှုတွေကြောင့် သတ္တိတွေလည်းရှိလာပါတယ်တဲ့ ။ မကောင်းတာပြောတဲ့ သူတွေရဲ့ ပြောစကားတွေကို လက်ခံပါတယ်လို့ဆိုပါတယ်။မအေးသောင်းရဲ့စကားဝိုင်းအမှတ်တရပုံလေးတွေက်ုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source  - Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။